ဒုတိယအကျော့လက်ကျန်ပွဲစဉ်များအတွက်ပြင်ဆင်မှုအဖြစ် ယှဉ်ပြိုင်ကစားသည့်ခြေစမ်းပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ဒဂုံပေါ့အသင်းကို အနိုင်ရရှိ။

ဒုတိယအကျော့လက်ကျန်ပွဲစဉ်များအတွက်ပြင်ဆင်မှုအဖြစ် ယှဉ်ပြိုင်ကစားသည့်ခြေစမ်းပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ဒဂုံပေါ့အသင်းကို အနိုင်ရရှိ။

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ဒုတိယအကျော့လက်ကျန်ပွဲစဉ်များအတွက် ပြင်ဆင်မှုများစွာပြုလုပ်လျက်ရှိပြီး ယနေ့မနက်ပိုင်းတွင် အသင်းလေ့ကျင့်ရေးကွင်း၌ ဒဂုံပေါ့အသင်းနှင့် ခြေစမ်းပွဲအဖြစ်ယှဉ်ပြိုင်ကစားခဲ့ရာ (၂-၁) ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် နိုင်ံငံတကာပြိုင်ပွဲများယှဉ်ပြိုင်ကစားကာပြန်လည်ရောက်ရှိလာသည့် လက်ရွေးစင်ကစားသမားများကို အနားပေးထားခဲ့ကာ ကျန်ရှိသော ကစားသမားများနှင့် အပြောင်းအလဲများစွာပြုလုပ်ကာ ယှဉ်ပြိုင်ကစားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းအတွက်သွင်းဂိုးများကို (၁၂) မိနစ်နှင့် (၅၇) မိနစ်တိုတွင် ကောင်းစည်သူနှင့်ကျော်ဖြိုးဝေတိုမှ သွင်းယူပေးခဲ့ပြီး ဒဂုံပေါ့အသင်းအတွက် တလုံးတည်းသောချေပဂိုးကို (၄၂) မိနစ်တွင် မိုက်ကယ်မှသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်ဇန်နဝါရီလ (၁၁) ရက်နေ့တွင် မဟာယူနိုက်တက်အသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

#YUFC #Yangon #ThisIsYangon #HomeOfYUFC #DreamBigPlayHard #MNL2024/25 #friendlymatch #YUFCvsDPFC