ရန်ကုန်ယူနိုက်တက်လူငယ်အသင်း အား/ကာသိပ္ပံလူငယ်အသင်းအား ၃-၂ ဂိုးဖြင့်အရေးနိမ့်။

ရန်ကုန်ယူနိုက်တက်လူငယ်အသင်း အား/ကာသိပ္ပံလူငယ်အသင်းအား ၃-၂ ဂိုးဖြင့်အရေးနိမ့်။

အား/ကာသိပ္ပံ (ယူ-၂၀) အသင်းနှင့် ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်လူငယ်အသင်းက အား/ကာသိပ္ပံလူငယ်အသင်းကို ၃-၂ ဂိုးနှင့် အရေးနိမ့်ခဲ့သည်။

ပွဲချိန် ၁၃ မိနစ်တွင် အားရွေ ၏ ဂိုးရှေ့ ချိုးပေးမှုကို စိုင်းဇေယျာကျော် သွင်းယူရန်ကြိုးစားမှုကို နောက်တန်းဖျက်ထုတ်ရန်ကြိုးစားရာမှ ဥပဒေပကျုးလွန်သဖြင့် ပင်နယ်တီရရှိခဲ့သည်။ ထိုပင်နယ်တီကို စိုင်းဇေယျာကျော် က သွင်းယူပေးခဲ့သည်။ ၃၉ မိနစ်တွင် အား/ကာသိပ္ပံအသင်းက ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ပိုင်သက်ဖြိုး က သွင်းယူခဲ့ပြီး ပထမပိုင်းတွင် သရေရလဒ်ထွက်ပေါ်နေခဲ့သည်။

ဒုတိယပိုင်း ၅၅ မိနစ်တွင် အား/ကာသိပ္ပံအသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ရှိုင်းကိုကိုဇော် ကသွင်းယူခဲ့သည်။ ရန်ကုန်အသင်း လူစားလဲမှုအချို့ပြုလုပ်ခဲ့ပြီး ချေပဂိုးရရှိရေးအတွက် တစ်ဖက်အသင်းကို ယှဉ်ပြိုင်ကစားခဲ့သည်။
မိနစ် ၉၀ အပြီးအချိန်ပို ၂ မိနစ်တွင် အား/ကာသိပ္ပံအသင်းမှ မျိုးမြတ်ကျော် က ထပ်မံသွင်းယူပေးခဲ့ကာ ပွဲကိုဦးဆောင်ခဲ့သည်။ ဂိုးပေးရပြီး ၁ မိနစ်အကြာတွင် စိုင်းဇေယျာကျော် က ရန်ကုန်အသင်းအတွက် ဒုတိယဂိုးကိုသွင်းယူပေးခဲ့ကာ ပွဲပြီးဆုံးချိန်တွင် အား/ကာသိပ္ပံ (ယူ-၂၀) အသင်းက ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းကို ၃-၂ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းသည် ၁၅ ပွဲကစား၊ ၇ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၅ ပွဲရှုံး၊ ရမှတ် ၂၄ မှတ် ရရှိထားပြီး လာမည့် အောက်တိုဘာ ၉ ရက်နေ့၊ ပဒုမ္မာကွင်းတွင် ဒဂုံပေါ့ (ယူ-၂၀) အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။