ရန်ကုန်ယူနိုက်တက် ယူ(၂၀)အသင်း ဒဂုံစတားယူနိုက်တက် ယူ(၂၀) အသင်းကို ဂိုးပြတ်အနိုင်ယူ

ရန်ကုန်ယူနိုက်တက် ယူ(၂၀)အသင်း ဒဂုံစတားယူနိုက်တက် ယူ(၂၀) အသင်းကို ဂိုးပြတ်အနိုင်ယူ

ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းနှင့် ဒဂုံစတားယူနိုက်တက် (ယူ-၂၀) အသင်းတို့၏ ပွဲစဉ်ကို ယနေ့ညနေက စလင်းကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်လူငယ်အသင်းက ဒဂုံစတားလူငယ်အသင်းကို ၄-၁ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။

အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြသည့် ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၂၅ မိနစ်တွင် ရရှိသည့် ပင်နယ်တီမှတဆင့် စိုင်းဇေယျာကျော် က သွင်းယူခဲ့သည်။ ပွဲချိန် ၃၃ မိနစ်တွင် ဒဂုံအသင်း ချေပဂိုး ပြန်လည်ရရှိခဲ့ပြီး ညီညီတိုး က သွင်းယူပေးခဲ့ပြီး တစ်ဖက်တစ်ဂိုးစီနှင့် ပထမပိုင်းပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် ကစားသမား အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို အောင်ကောင်းမြတ်က ဂိုးသမားပုတ်ထုတ်ရာမှ ပြန်ထွက်လာခဲ့သည့်ဘောလုံးကို အပိုင်ကန်သွင်းယူပေးခဲ့သည်။ ရန်ကုန်အသင်း ဆက်တိုက် တိုက်စစ်ဆင်ကစားခဲ့ကာ တတိယဦးဆောင်ဂိုးကို ထက်ဝေယံစိုး ၏ ပေးပို့မှုမှတဆင့် စိုင်းဇေယျာကျော်၊ အဆုံးသတ်အနိုင်ဂိုးကိုလမင်းပြည့်စုံ က ကန်သွင်းယူပေးခဲ့သည်။

ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းသည် ၁၄ ပွဲကစား၊ ၇ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၄ ပွဲရှုံး၊ ရမှတ် ၂၄ မှတ်ရရှိထားပြီး လာမည့် အောက်တိုဘာ ၄ ရက်နေ့၊ စလင်းကွင်းတွင် အား/ကာသိပ္ပံအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။