ရန်ကုန်ယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို ၂-၁ ဂိုးနှင့် အနိုင်ရရှိ

ရန်ကုန်ယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို ၂-၁ ဂိုးနှင့် အနိုင်ရရှိ

သစ္စာအားမာန်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်ကို ယနေ့ညနေ ၄:၀၀ နာရီက သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ရန်ကုန်အသင်းက သစ္စာအားမာန်အသင်းကို ၂-၁ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။

ပထမပိုင်းတွင် သစ္စာအားမာန်အသင်းက စောမျိုးဇော် သွင်းယူပေးခဲ့သည့် သွင်းဂိုးနှင့် ဦးဆောင်နေခဲ့ပြီး ရန်ကုန်အသင်းမှ လှိုင်းဘိုဘို၊ ဥက္ကာနိုင်၊ ရန်ကျော်ထွေး တို့၏ ဂိုးကန်သွင်းယူရန် ကြိုးပမ်းမှုရှိခဲ့သော်လည်း အနည်းငယ်လွဲ​ချော်မှုများဖြင့်သာ ပထမပိုင်းကို အဆုံးသတ်ခဲ့သည်။

ဒုတိယပိုင်း ၅၄ မိနစ်တွင် ဇော်ဝင်းသိန်း ၁၈ ကိုက်ထိပ်မှာ မတင်ပေးပို့မှုကို ရန်ကျော်ထွေး ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပြီး ရန်ကုန်အသင်း ချေပဂိုးရရှိခဲ့သည်။ ပွဲချိန် ၆၄ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ရန်နိုင်ဦး က ရရှိသည့် ပြစ်ဒဏ်ဘောမှတဆင့် လှလှပပသွင်းယူပေးခဲ့ခြင်းဖြစ်ရာ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို ၂-၁ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်း က” ကျွန်တော်တို့ ချန်ပီယံဖြစ်ချင်ရင်တော့ ဒီထက်ပိုပြီးအများကြီးပြင်ဆင်ရပါဦးမယ်” ဟုပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပထမအကျော့ပြီးဆုံးချိန်တွင် ၁၁ ပွဲကစား၊ ၈ ပွဲနိုင်၊ ၃ ပွဲသရေ၊ ရမှတ် ၂၇ မှတ်နှင့် အဆင့် ၃ နေရာတွင် ရပ်တည်နေသည်။ မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၉ ရက်နေ့တွင် ဒဂုံပေါ့ အသင်းနှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။