ရန်ကုန်ယူနိုက်တက် ယူ(၂၀) အသင်းနှင့် ဧရာဝတီယူနိုက်တက် ယူ(၂၀)အသင်းတို့ ၂-၂ ဂိုးဖြင့်သရေရလဒ်ထွက်ပေါ်

ရန်ကုန်ယူနိုက်တက် ယူ(၂၀) အသင်းနှင့် ဧရာဝတီယူနိုက်တက် ယူ(၂၀)အသင်းတို့ ၂-၂ ဂိုးဖြင့်သရေရလဒ်ထွက်ပေါ်

ရန်ကုန်ယူနိုက်တက်(ယူ-၂၀) အသင်းသည် ယနေ့ညနေ ၃း၃၀ နာရီက MNL youth league ပွဲစဉ်(၆) အဖြစ် ဧရာဝတီယူနိုက်တက် (ယူ-၂၀) အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၂-၂) ဂိုးဖြင့်သရေရလဒ်ထွက်ပေါ်ခဲ့သည်။

ယနေ့ပွဲစဉ်၏သွင်းဂိုးများကို ပွဲချိန်ပထမပိုင်းတွင်ရရှိခဲ့ခြင်းဖြစ်ပြီး ဧရာဝတီအသင်းမှ ပွဲချိန် (၁၀)မိနစ်နှင့် (၁၅)မိနစ်များတွင် ဦးဆောင်ဂိုးများရရှိခဲ့ပြီး ကောင်းထက်ကျော်နှင့် ဝိုင်းထက်ပိုင်တို့ကသွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုးများပေးလိုက်ရပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်းက ဆက်တိုက်တိုက်စစ်ဆင်ကစားနိုင်ပြီး ပွဲချိန် (၂၇) မိနစ်တွင် အသင်းခေါင်းဆောင် ရဲဝင်းနိုင် နှင့် ပွဲချိန် (၃၀) မိနစ်တွင် ကွင်းလယ်ကစားသမား မင်းသန့်ဘို တို့မှ ချေပဂိုးများကိုသွင်းယူပေးနိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးများရရှိရေးအတွက် လူစားလဲပြင်ဆင်မှုများရရှိခဲ့ပြီး အဆုံးသတ်အားနည်မှုများကြောင့် သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ရန်ကုန်ယူနိုက်တက် ယူ(၂၀) အသင်းသည် ပွဲစဉ် (၇) အဖြစ် လာမည့် ဇူလိုင်လ ၂၁ ရက်၊ ပဒုမ္မာကွင်းတွင် ရှမ်းယူနိုက်တက် (ယူ-၂၀) အသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပါသည်။