လူငယ်နောက်ခံကစားသမား ယမင်းဖြူ အား ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း ခေါ်ယူအားဖြည့်

လူငယ်နောက်ခံကစားသမား ယမင်းဖြူ အား ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း ခေါ်ယူအားဖြည့်

ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည် ၂၀၂၄ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ (ဒုတိယအကျော့)အတွက် ပြင်ဆင်မှုများစွာပြုလုပ်လျက်ရှိပြီး လူအင်အားထပ်မံဖြည့်တင်းမှုအဖြစ် YREO အသင်းမှ လူငယ်နောက်ခံ ကစားသမား ယမင်းဖြူ အားခေါ်ယူခဲ့သည်။
အသက် ၁၇ နှစ်အရွယ်သာရှိပြီး ငယ်ရွယ်သော်လည်း နိုင်ငံတကာပြိုင်ပွဲနှင့် ပြည်တွင်းပြိုင်ပွဲ အတွေ့အကြုံ ကောင်းများ ပိုင်ဆိုင်ထားသည့် ယမင်းဖြူသည် YREO အသင်းမှမွေးထုတ်သင်ကြားပေးခဲ့ပြီး ၅ နှစ်ကြာကစားခဲ့ပြီးနောက် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းကို ပြောင်းရွှေ့လာခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းကိုရောက်ရှိလာခဲ့ခြင်းအပေါ် “ရန်ကုန်ယူနိုက်တက်အသင်းကိုရောက်ရှိလာရတာ အရမ်းဝမ်းသာပါတယ်။ ဆရာကောင်းတွေနဲ့ သူငယ်ချင်းအသစ်တွေနဲ့အတူ အသင်းအောင်မြင်မှုအတွက် ကြိုးစားယှဉ်ပြိုင်သွားပါမယ်” ဟု ကစားသမားသစ် ယမင်းဖြူက ဝမ်းသာပီတိစကားပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း၏ ဒုတိယအကျော့ပွဲစဉ်ကို ဇူလိုင်လ ၁၈ ရက်နေ့တွင်ပြန်လည် စတင်သွားမည်ဖြစ်ပြီး YREO အသင်းနှင့် YUSC ကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။