အာဆီယံ ဘောလုံးအဖွဲ့ချုပ်ကောင်စီဝင်အဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယ ဥက္ကဋ္ဌ နှင့် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ ရွေးချယ်ခန့်အပ်ခံရ ………..
မနေ့က လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပခဲ့သည့် 31st Ordinary Congress of ASEAN Football Federation (AFF) အခမ်းအနားတွင် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီဝင်အဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယ ဥက္ကဋ္ဌနှင့် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ ရွေးချယ်ခန့်အပ်ခြင်းခံခဲ့ရသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြပြီး အဆိုပါအဖွဲ့ တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ အထွေထွေအတွင်းအရေးမှူး ဦးထွန်းထွန်းအောင်တို့ ပါဝင်ခဲ့ကြပြီး အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီအဖွဲ့ဝင် မဲပေးရွေးချယ်ခြင်း၊ ၂၀၂၃ AFF ဘက်ဂျတ် အားအတည်ပြုခြင်း၊အာဆီယံဒေသတွင်း ဘောလုံးဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပြိုင်ပွဲများနှင့် အထွေထွေ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ဦးပြည့်ဖြိုးတေဇသည် အာဆီယံဘောလုံးအဖွဲ့ချုပ်ကောင်စီဝင် အဖြစ်၂၀၂၆ ခုနှစ်အထိ ဒေသတွင်းဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။