ရန်ကုန်လူငယ်အသင်းက ရှမ်းလူငယ်အသင်းကို ၂-၁ ဂိုးနှင့် အရေးနိမ့်ခဲ့သည်။

ရန်ကုန်လူငယ်အသင်းက ရှမ်းလူငယ်အသင်းကို ၂-၁ ဂိုးနှင့် အရေးနိမ့်ခဲ့သည်။

ယနေ့ စလင်းကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့သော ရှမ်းယူနိုက်တက် (ယူ-၂၀) အသင်းနှင့် ရန်ကုန်ယူနိုက်တက်ယူ(ယူ-၂၀) အသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်လူငယ်အသင်းက ရှမ်းလူငယ်အသင်းကို ၂-၁ ဂိုးနှင့် အရေးနိမ့်ခဲ့သည်။

ရှမ်းအသင်းက ပွဲချိန် ၁၃ မိနစ်တွင် မျိုးမင်းခန့်၏ သွင်းဂိုးနှင့် စတင်ဦးဆောင်ခဲ့ပြီး ရန်ကုန်အသင်း ချေပဂိုးပြန်လည်ရရှိရေးအတွက် ယှဉ်ပြိုင်ကစားခဲ့သည်။ ထို့နောက် ပွဲချိန် ၃၉ မိနစ်တွင် စိုင်းဇေယျာကျော်၏ ကြိုးပမ်းမှုမှတဆင့် ကောင်းခန့်ကျော် က ချေပဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းတွင်တစ်ဖက်တစ်ဂိုးစီနှင့်သရေရလဒ်ထွက်ပေါ်နေခဲ့သည်။

ဒုတိယပိုင်းစပြီး မိနစ်အနည်းငယ်တွင်ရှမ်းလူငယ်အသင်း ဦးဆောင်ဂိုးထပ်မံရရှိခဲ့ပြီး ဟန်သူဇော်ကသွင်းယူပေးခဲ့သည်။ ရန်ကုန်အသင်းတောက်လျှောက် တိုက်စစ်ဆင်ကစားခဲ့ပြီး မိနစ် ၉၀ အပြီးအချိန်ပို ၄ မိနစ်တွင် စိုင်းဇေယျာကျော် ဂိုးဧရိယာအတွင်း ဂိုးပေါက်ကန်သွင်းရန်ကြိုးစားခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းက ရှမ်းယူနိုက်တက် (ယူ-၂၀) ကို ၂-၁ ဂိုးနှင့် ရှုံးနိမ့်ခဲ့သည်။

ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းသည် လက်ရှိတွင် ၁၈ပွဲကစား၊ ၉ပွဲနိုင် ၊ ၃ပွဲသရေ၊ ၆ပွဲရှုံး၊ ရမှတ် (၃၀) ရရှိထားပြီး လာမည့် နိုဝင်ဘာ (၆) ရက်နေ့တွင် ရတနာပုံ(ယူ-၂၀) အသင်းနှင့် စလင်းကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။