ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ် ဦးကျော်ဒွန်းအား ခန့်အပ်  ……………

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ် ဦးကျော်ဒွန်းအား ခန့်အပ် ……………

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၄/၂၅ မြန်မာနေရှင်နယ်လိဂ်ဘောလုံးရာသီအတွက် ဦးကျော်ဒွန်းအား နည်းပြချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။
ဂျာမန်နည်းပြချုပ် ဖရန့်ဘန်ဟတ်နှင့် နှစ်ဦးသဘောတူလမ်းခွဲပြီးနောက် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများကို တာဝန်ယူကိုင်တွယ်ရန်အတွက် နည်းပြချုပ် ဦးကျော်ဒွန်းကို ခန့်အပ်လိုက်ခြင်းဖြစ်ပြီး လာမည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁ မှစတင်ကာ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
ဦးကျော်ဒွန်းသည် ရန်ကုန်ယူနိုက်တက်အသင်းကို ၂၀၂၂ ခုနှစ်ဘောလုံးရာသီနှင့် ၂၀၂၃ ဘောလုံးရာသီများတွင် ကိုင်တွယ်ခဲ့ဖူးပြီး ယခု ၂၀၂၄ တွင် ရန်ကုန်ယူနိုက်တက်အသင်းသို့ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းကို ပြန်လည်ရောက်ရှိလာခြင်းနှင့်ပက်သတ်ပြီး “ကျွန်တော့်အိမ်ကို ဒုတိယအကြိမ်ရောက်ရှိလာခဲ့တာပါ။ အခုတစ်ကြိမ်မှာတော့ အများကြီးပြင်ဆင်ပြီး ပြန်ရောက်လာနိုင်ခဲ့ပါပြီ။ ကျွန်တော် အတိုင်းမသိဝမ်းသာပါတယ်။ အရင်ကထက်ပိုပြီးတော့ အသင်းကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ကြိုးစားကိုင်တွယ်သွားပါမယ်။ ပရိတ်သတ်တွေလည်း အသင်းကိုဆက်လတ်အားပေးကြဖို့ တောင်းဆိုချင်ပါတယ်” ဟု နည်းပြချုပ် ဦးကျော်ဒွန်းမှ ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်း၏ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို ဇူလိုင်လ ၆ ရက်နေ့မှစတင်ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး ပထမဆုံးပွဲစဉ်အဖြစ် ရခိုင်ယူနိုက်တက်အသင်းနှင့် YUSC ကွင်းတွင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။