၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ဒုတိယဆုကို ရန်ကုန်ယူနိုက်တက်အသင်း လက်ခံရယူ

၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ဒုတိယဆုကို ရန်ကုန်ယူနိုက်တက်အသင်း လက်ခံရယူ

၂၀၂၃ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနားကို ယနေ့ညနေက သုဝဏ္ဏကွင်း တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်း တာဝန်ရှိသူများနှင့် ကစားသမားများ ဆုလက်ခံရယူခဲ့သည်။
ဆုပေးပွဲတွင် ၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၌ ဒုတိယဆုရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းကို ရှမ်းယူနိုက်တက်အသင်း ဥက္ကဌ ဦးခွန်နောင်မြင့်ဝေ မှ တစ်ဦးချင်း ဆုတံဆိပ်များ ပေးအပ်ချီးမြင့်ခဲ့သည်။ ထို့နောက် ဒုတိယဆု ဂုဏ်ပြုချီးမြင့်ငွေအား ဒဂုံစတားယူနိုက်တက်အသင်း ဥက္ကဌ ဦးမျိုးတင့်အောင်မှ ချီးမြင့်ခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းခေါင်းဆောင် ဒေးဗစ်ထန်း နှင့် ရန်နိုင်ဦး တို့မှ လက်ခံရယူခဲ့သည်။