အား/ကာသိပ္ပံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းတို့၏ ပွဲစဉ်တွင် အား/ကာသိပ္ပံအသင်းက ရန်ကုန်အသင်းကို ၃-၂ ဂိုးဖြင့်အနိုင်ရရှိ

အား/ကာသိပ္ပံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းတို့၏ ပွဲစဉ်တွင် အား/ကာသိပ္ပံအသင်းက ရန်ကုန်အသင်းကို ၃-၂ ဂိုးဖြင့်အနိုင်ရရှိ

ယနေ့ယှဉ်ပြိုင်ကစားခဲ့သည့် အား/ကာသိပ္ပံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းတို့၏ ပွဲစဉ်တွင် အား/ကာသိပ္ပံအသင်းက ရန်ကုန်အသင်းကို ၃-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
ပထမပိုင်းတွင် ပွဲချိန် ၁၄ မိနစ်တွင် ရန်ကုန်အသင်းရရှိသည့် ပြစ်ဒဏ်ဘောမှတဆင့် ဇင်မိုးပြည့် က တိုက်ရိုက်ကန်သွင်းယူပေးခဲ့ပြီး ဒုတိယဦးဆောင်ဂိုးကို ပွဲချိန် ၂၈ မိနစ်တွင် ဇင်မိုးပြည့်က ပင်နယ်တီမှတဆင့် ထပ်မံသွင်းယူပေးခဲ့ကာ ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက အား/ကာသိပ္ပံအသင်းကို ၂-၀ ဂိုးဖြင့်ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းတွင် ၅၅ မိနစ်တွင် စုပြည့်ပြည့်ကျော်၊ ၇၉ မိနစ်တွင် လင်းလဲ့ဦး၊ နာကျင်အချိန်ပိုတွင် လင်းမြင့်မို တို့က အား/ကာသိပ္ပံအသင်းအတွက် သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် အား/ကာသိပ္ပံအသင်းက ရန်ကုန်ယူနိုင်တက်အမျိုးသမီးအသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည် လာမည့် ဇွန်လ ၂၀ ရက်နေ့တွင် သစ္စာအားမာန်အသင်းနဲ့ စလင်းကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။