UEFA Assist Football for Women Programme သို့ ရန်ကုန်ယူနိုက်တက်အသင်းမှတာဝန်ရှိသူတစ်ဦးတက်ရောက်

UEFA Assist Football for Women Programme သို့ ရန်ကုန်ယူနိုက်တက်အသင်းမှတာဝန်ရှိသူတစ်ဦးတက်ရောက်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)နှင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)တို့ ပူးပေါင်းပြုလုပ်သော UEFA Assist Football for Women Programme ကို ဇွန် ၂ရက် နှင့် ၃ ရက် နေ့တို့တွင် နိုဗိုတယ်ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းမှ သတင်းပြန်ကြားရေးတာဝန်ခံ ဒေါ်သိမ့်သိမ့်ထွန်းတက်ရောက်ခဲ့သည်။
ကျင်းပပြုလုပ်ခဲ့သည့် UEFA Assist Football for Women Programme တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်မှ အမျိုးသမီးဝန်ထမ်းများ၊ ကလပ်အသင်းများ၊ နည်းပြနှင့် ကစားသမားများ၊ ဒိုင်၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ မီဒီယာ စသည့် ကဏ္ဍအသီးသီးမှ အမျိုးသမီးများ တက်ရောက်ခဲ့ကြသည်။
မြန်မာဘောလုံး ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် အမျိုးသမီးများ၏ ခေါင်းဆောင်မှုအရည်အချင်းများ၊ စီမံခန့်ခွဲရေးနှင့် မြန်မာအမျိုးသမီးဘောလုံးပိုမိုတိုးတက်လာရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)၏ အမျိုးသမီး ဘောလုံးရေးရာစီမံခန့်ခွဲမှု ကျွမ်းကျင်သူ သုံးဦးဖြစ်သော Christopher James Milnes၊ Sharon Zeevi Oren နှင့် Geoff Wilson တို့က ၎င်းတို့၏အသိပညာနှင့် အတွေ့အကြုံများကို ဝေမျှခဲ့ပြီး ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။