Team EU အသင်း နှင့် Team Myanmar အသင်း တို့ ချစ်ကြည်ရေးရန်ပုံငွေဘောလုံးပွဲယှဉ်ပြိုင်ကစား

Team EU အသင်း နှင့် Team Myanmar အသင်း တို့ ချစ်ကြည်ရေးရန်ပုံငွေဘောလုံးပွဲယှဉ်ပြိုင်ကစား

ဥရောပ သမဂ္ဂ (EU) မှ ကြီး မှူး ကျင်းပပြီး ရန်ကုန် ယူနိုက် တက် အသင်း မှ ပံ့ပိုး ကူညီသည့် ချစ်ကြည်ရေး ရန်ပုံ ငွေ ဘောလုံး ပြိုင်ပွဲကို ရန်ကုန် ရန်ကုန် ယူနိုက် တက် ဘောလုံး အသင်း မြက်ခင်း တုကွင်း ၌ ယနေ့ နေ့လည် ၂း၀၀ နာရီ က ကျင်းပ ခဲ့သည်။

အဆိုပါ ဘောလုံး ပြိုင်ပွဲ တွင် မြန်မာ နိုင်ငံ တွင် နေထိုင် လျှက်ရှိ သည့် ဥရောပ နိုင်သား များနှင့် သံရုံး ဝန်ထမ်းများ ပါဝင် သည့် Team EU အသင်းနှင့် The Team Myanmar ဇာတ်လမ်း တွဲတွင် ပါဝင်သော သရုပ် ဆောင်များ နှင့် အခြေ ခံဖွဲ့စည်း ထားသည့် Team Myanmar အသင်း တို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ Team Myanmar အသင်းက Team EU အသင်း ကို ၄-၂ ဂိုးဖြင့် အနိုင် ရရှိ ခဲ့သည်။

အဆိုပါ ပါ ပြိုင်ပွဲကို ဥရောပ သမဂ္ဂ (EU) သံအမတ် Mr. Roland Kobia နှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှုး များ ဖြစ်ကြသည့် ဦးတင်မြင့်အောင် နှင့် ဦးကိုကိုသိန်း၊ ရန်ကုန် ယူနိုက် တက် အသင်း အထွေထွေ မန်နေဂျာ ဦးစော ခရစ္စယန် လော၊ Team Myanmar အသင်း မှ Country Director Ms.Isla Elaister တို့ တက်ရောက် ခဲ့ကြ သည်။ ဆက်လက်ပြီး Team Myanmar အဖွဲ့ သားများမှ တေးသီ ချင်းများ ဖြင့် ဖျော်ဖြေ ဧည့်ခံ ခဲ့ကြသည်။ ယခုပွဲမှ ရရှိသော ရန်ပုံငွေများကို Third Story Project အတွက် ကူညီ ထောက်ပံ့ ပေးသွားမည် ဖြစ်သည်။