Royal-D သီးစုံဓာတ်ဆားအားဖြည့်အချိုရည် ကဒ် ၃၀၀ ကို ဧရာဝတီစင်တာ (ရန်ကုန်) သို့ ရန်ကုန်ယူနိုက်တက်အသင်းလှုဒါန်း

Royal-D သီးစုံဓာတ်ဆားအားဖြည့်အချိုရည် ကဒ် ၃၀၀ ကို ဧရာဝတီစင်တာ (ရန်ကုန်) သို့ ရန်ကုန်ယူနိုက်တက်အသင်းလှုဒါန်း

ရန်ကုန်ယူနိုက်တက်အသင်းတာဝန်ရှိသူများနှင့် ကစားသမားများ သည် ယနေ့နံနက်က ဧရာဝတီစင်တာ (ရန်ကုန်) သို့ Royal-D သီးစုံဓာတ်ဆားအားဖြည့်အချိုရည် ကဒ် ၃၀၀ ကို သွားရောက်လှုဒါန်းခဲ့သည်။

Covid-19 ကူးစက်ခံထားရသည့် လူနာများကို ကုသပေးနေသည့် ဧရာဝတီစင်တာ (ရန်ကုန်)သို့ ရန်ကုန်ယူနိုက်တက်အသင်း ဥက္ကဌ ဦးပြည့်ဖြိုးတေဇနှင့် ဝန်ထမ်းမိသားစုများက ငွေကျပ် ၁၆၅၀,၀၀၀ တန်ဖိုးရှိ Royal-D သီးစုံဓာတ်ဆားအားဖြည့်အချိုရည် ကဒ် ၃၀၀ ကို လှုဒါန်းခဲ့ပြီး စင်တာတာဝန်ရှိသူက ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ခဲ့သည်။

ယခုလိုကာလတွင် တစ်ထောင့်တစ်နေရာမှ လှုဒါန်းမှုပြုရသည့်အတွက် ရန်ကုန်ယူနိုက်တက်အသင်းအနေနှင့် အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဖော်ပြအပ်ပါသည်။