MFF (U-19) အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို ၄-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့

MFF (U-19) အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို ၄-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့

ယနေ့နံနက်ပိုင်းက သုဝဏ္ဏကွင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် MFF (U-19) တို့ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲစဉ်တွင် MFF (U-19) အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို ၄-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးကို ကျော်ဇင်ဦး က သွင်းယူခဲ့ပြီး MFF အသင်းအတွက် လမင်းထွေး ၂ ဂိုး၊ သာယာဝင်းထက် နှင့် ချစ်အေးတို့ကအသီးသီး သွင်းယူခဲ့သည်။
ရန်ကုန်အသင်းတွင် ဆန်းဆက်နိုင် (ဂိုး), ဇာနည်ထက်၊ ပြည့်ဖြိုးဇော်၊ ကျော်ဖြိုးဝေ၊ မင်းကျော်ခန့်၊ မောင်မောင်ဝင်း၊ စည်သူမိုးခန့်၊ သီဟ၊ ရန်ပိုင်စိုး၊ ကျော်ဇင်ဦး၊ စောကျော်အဲ တို့ပါဝင်ကစားခဲ့ပြီး ဦးဆောင်ဂိုးကို ပွဲချိန် ၃၂ မိနစ်တွင် ရန်ပိုင်စိုး ဘယ်ခြမ်းကဖြတ်တင်ပေးမှုမှတဆင့် ကျော်ဇင်ဦး ပိတ်သွင်းယူနိုင်ခဲ့သည်။ ထို့နောက် ကျော်ဇင်ဦး ဒဏ်ရာရရှိသွားပြီး ပြည့်မိုးနှင့် လူစားလဲခဲ့သည်။ ဦးဆောင်ဂိုးရရှိပြီး ၅ မိနစ်အကြာတွင် ရန်ပိုင်စိုး ဘယ်ခြမ်းမှ ဂိုးရှေ့ထပ်မံမတင်ပေးရာ MFF နောက်တန်းဖြတ်ထုတ်မှုအမှားမှတဆင့် ဒုတိယဦးဆောင်ဂိုးရရှိခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်အသင်းက ၂-၀ ဂိုးဖြင့်ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းတွင် သူရကျော် (ဂိုး)၊ ဇော်ဝင်း၊ သူရိန်စိုး၊ ကျော်ဖြိုးဝေ၊ ပြည့်ဖြိုးဇော်၊ မင်းကျော်ခန့်၊ မောင်မောင်ဝင်း၊ စည်သူမိုးခန့်၊ ရန်ပိုင်စိုး၊ စောကျော်အဲ နှင့် ပြည်မိုးတို့ကစားခဲ့ပြီး MFF (U-19) က ချေပဂိုးရရှိရန်ကြိုးစားခဲ့ရာ ၅၂ မိနစ်တွင် လမင်းထွေး၊ ၅၈ မိနစ်တွင် ချစ်အေး၊ ၇၀ မိနစ်တွင် သာယာဝင်းထက် နှင့် ၉၀ မိနစ်တွင် လမင်းထွေးတို့က အသီးသီးသွင်းယူခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက MFF (U-19) ကို ၂-၄ ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။