Golden Middle Way အဖွဲ့က ရန်ကုန်ယူနိုက်တက်အသင်းရှိ ကွင်းရုံနှင့် အဆောင်များအား ကာကွယ်ဆေးဖြန်းခြင်းများ ပြုလုပ်ခဲ့

Golden Middle Way အဖွဲ့က ရန်ကုန်ယူနိုက်တက်အသင်းရှိ ကွင်းရုံနှင့် အဆောင်များအား ကာကွယ်ဆေးဖြန်းခြင်းများ ပြုလုပ်ခဲ့

ယနေ့မှာတော့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနလမ်းညွှန်မှုနှင့်အတူ 5 star ကိုအောင်သော် ဦးစီးတဲ့ Golden Middle Way အဖွဲ့က ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားအိပ်ဆောင်၊ Gym ခန်းမ နဲ့ ကွင်းရုံတွေကို ကာကွယ်ဆေးဖြန်းခြင်းများ ပြုလုပ်ခဲ့ပါတယ်။

ယခုလိုကူညီပြီး ကာကွယ်ဆေးဖြန်းခြင်းများပြုလုပ်ပေးကြတဲ့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနဲ့ 5 star ကိုအောင်သော်တို့ရဲ့ Golden Middle Way အဖွဲ့ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။

ပရိသတ်များလည်း ယခုလိုကာလမှာ အတတ်နိုင်ဆုံးအပြင်မထွက်ကြဖို့ အကြံပြုလိုပါတယ်။ အားလုံးပဲကျန်းကျန်းမာမာနဲ့ Covid-19 အန္တရာယ်ကို ကျော်လွှားနိုင်ကြပါစေလို့ ရန်ကုန်ယူနိုက်တက်အသင်းမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။