Golden Middle Way အဖွဲ့က ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားအိပ်ဆောင်နှင့် အားကစားရုံများကို ဒုတိယအကြိမ်ကာကွယ်ဆေးဖြန်းခြင်းများ ပြုလုပ်ခဲ့

Golden Middle Way အဖွဲ့က ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားအိပ်ဆောင်နှင့် အားကစားရုံများကို ဒုတိယအကြိမ်ကာကွယ်ဆေးဖြန်းခြင်းများ ပြုလုပ်ခဲ့

ယနေ့ နေ့လယ်ပိုင်းအချိန်မှာ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနလမ်းညွှန်မှုနှင့်အတူ 5 star ကိုအောင်သော် ဦးစီးတဲ့ Golden Middle Way အဖွဲ့က ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားအိပ်ဆောင်၊ ရုံးခန်းများ၊ Gym ခန်းမ နဲ့အားကစားရုံများကို ဒုတိယအကြိမ်ကာကွယ်ဆေးဖြန်းခြင်းများ ပြုလုပ်ခဲ့ပါတယ်။
ယခုလိုကူညီပြီး ကာကွယ်ဆေးဖြန်းခြင်းများပြုလုပ်ပေးကြတဲ့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနဲ့ 5 star ကိုအောင်သော်တို့ရဲ့ Golden Middle Way အဖွဲ့ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။
ဘောလုံးပွဲတွေကို အမြန်ဆုံးပြန်လည်စတင်နိုင်ဖို့ ရန်ကုန်ယူနိုက်တက်အသင်း အနေနဲ့ အကောင်းဆုံးပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။
ပရိသတ်များ အားလုံးပဲကျန်းကျန်းမာမာနဲ့ Covid-19 အန္တရာယ်ကို ကျော်လွှားနိုင်ကြပါစေလို့ ရန်ကုန်ယူနိုက်တက်အသင်းမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။