GFA အသင်းနှင့်ပွဲစဉ်တွင် အနိုင် ၃ မှတ်ရရှိအောင် ကြိုးစားသွားမည်ဟု ဇော်ဝင်းသိန်းဆို

GFA အသင်းနှင့်ပွဲစဉ်တွင် အနိုင် ၃ မှတ်ရရှိအောင် ကြိုးစားသွားမည်ဟု ဇော်ဝင်းသိန်းဆို

မနက်ဖြန် ယှဉ်ပြိုင်ကစားရမည့် GFA အသင်းနဲ့ ပွဲစဉ်တွင် အနိုင် ၃ မှတ်ရရှိအောင် ကြိုးစားသွားမည်ဟု ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်လူ ဇော်ဝင်းသိန်းက ပြောကြားခဲ့သည်။
၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပထမအကျော့၏ နောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းသည် GFA အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဩဂုတ်လ ၂၄ ရက်၊ ညနေ ၃:၀၀ နာရီအချိန်၊ သုဝဏ္ဏအားကစား ကွင်းတွင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါပွဲစဉ်နှင့် ပတ်သတ်ပြီး ဇော်ဝင်းသိန်းက “ပွဲစဉ်တိုင်းကို သေချာအာရုံစိုက်ထားပါတယ်။ ခုပွဲက ပထမအကျော့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့အတွက် အကောင်းဆုံးနဲ့ အနိုင် ၃ မှတ်ရရှိအောင် ကြိုးစားကစားသွားပါမယ်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် ဇော်ဝင်းသိန်းက “ ရမှတ်ကွာဟမှု ကျဉ်းမြောင်းအောင် သေချာကစားသွားမှာပါ။ ကျွန်တော်တို့ အသင်းကို ဆက်လက်အားပေးကြပါ၊ အကောင်းဆုံးကြိုးစားပါမယ်” ဟု ထပ်မံပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၈ ပွဲ ယှဉ်ပြိုင်ကစားထားပြီးချိန်တွင် ၅ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး ရမှတ် ၁၆ မှတ်ဖြင့် အမှတ်‌ပေးဇယားအဆင့် ၂ နေရာတွင် ရပ်တည်နေပြီး GFA အသင်းကတော့ ၂ ပွဲနိုင်၊ ၆ ပွဲရှုံး၊ ရမှတ် ၆ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၉ နေရာတွင် ရပ်တည်နေသည်။