FNI Sunday League 2014 အမှတ်ပေးပြိုင်ပွဲ အောင်မြင်စွာကျင်းပ ပြီးစီး

FNI Sunday League 2014 အမှတ်ပေးပြိုင်ပွဲ အောင်မြင်စွာကျင်းပ ပြီးစီး

First National Insurance မှ အဓိက ကူညီ ပံ့ပိုးပြီး ရန်ကုန် ယူနိုက်တက် ဘောလုံး အသင်းက ကြီးမှူး ကျင်းပ သော FNI Sunday League 2014 ပြိုင်ပွဲ သည် နိုဝင် ဘာလ ၁၆ ရက်နေ့ တွင် အောင်မြင် စွာ ပြီးဆုံး သွားပြီ ဖြစ်သည်။ ချန်ပီယံ ဆုကို YU Family FC ၊ ဒုတိယ ဆုကို ရုပ်ရှင် အစည်း အရုံး အသင်း တို့က ဆွတ်ခူး ခဲ့သလို အသန့်် ရှင်းဆုံး အသင်း ဆုကို AGD Bank FC က ရရှိ ခဲ့သည်။

ပြိုင်ပွဲ ဝင် အသင်း ၈ သင်း ပါဝင် ပြီး တစ်သင်း လျှင် ၇ ပွဲ ကစား ရသည့် အမှတ် ပေးပြိုင် ပွဲတွင် YU Family FC သည် ၇ ပွဲ စလုံး အနိုင် ရကာ ရမှတ် ၂၁ မှတ်ဖြင့် ဗိုလ်စွဲ ခဲ့သလို ရုပ်ရှင် အစည်း အရုံး အသင်းမှာ ၅ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၁၆ မှတ်ဖြင့် ဒုတိယ ရခဲ့သည်။ YU Family FC မှ ကျော နံပါတ် ၁၀ တိုက်စစ် မှူး ဇေယျာ မှာ သွင်းဂိုး ၁၇ ဂိုး ဖြင့် ဂိုးသွင်း အများဆုံး ဆု ရခဲ့ သလို ပြိုင်ပွဲ တစ်လျှောက် အနီ ကဒ်၊ အဝါကဒ် လုံး၀ မထိ ခဲ့သည့် AGD Bank FC မှာလည်း အသန့် ရှင်းဆုံး အသင်း ဆု ရခဲ့ သည်။

ဆုပေး ပွဲ အခမ်း အနားတွင် ချန်ပီယံ YU Family FC အသင်းကို ချန်ပီယံ ဆုဖလား နှင့် ဆုကြေး ငွေ ကျပ် ၅ သိန်း၊ ဒုတိယ ဆုရ ရုပ်ရှင် အစည်း အရုံး အသင်းကို ဆုကြေး ငွေ ကျပ် ၃ သိန်း၊ အသန့်ရှင်း ဆုံး အသင်း ဆုရ AGD Bank FC အသင်းကို ဆုကြေး ငွေ ကျပ် ၁၄၅၀၀၀ စီ ချီးမြှင့် ခဲ့သလို ဂိုးသွင်း အများဆုံး ဆုရှင် ဇေယျာ ကိုလည်း အမှတ် တရ ဂုဏ်ပြု ဆုပေး အပ်ခဲ့ သည်။

ယခု ပြိုင်ပွဲ တွင် အဝါ ကဒ်၊ အနီ ကဒ် ပြခံ ရပါ က ဒဏ်ကြေး ငွေ ပေးဆောင် ရပြီး ရရှိ လာသော ငွေ များကို အသန့် ရှင်းဆုံး အသင်း ဆုရ သော အသင်း သို့ ပေးအပ် ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ပြိုင်ပွဲ ဝင် အသင်း များဖြစ် သော ရုပ်ရှင် အစည်း အရုံး အသင်း၊ Nat Ray FC၊ AGD Bank FC ၊ Sport Media FC ၊ FNI FC ၊ Media Network FC နှင့် လူရွှင်တော် အသင်း တို့ကို ရန်ကုန် ယူနိုက် တက် အသင်း အမှုဆောင် အရာရှိ ချုပ် ဦးမင်းဆွေ ဦးက အမှတ် တရ ဂုဏ်ပြု မှတ်တမ်း များ ပေး အပ်ခဲ့သည်။ ဒုတိယ ဆုရ သော ရုပ်ရှင် အစည်း အရုံး အသင်း ကို FNI Co., Ltd. မှ အကြံပေး ဦးဝင်းမြဟန် က ဆုချီး မြှင့် ခဲ့သလို၊ ချန်ပီယံ YU Family FC အသင်း ကို FNI Co., Ltd. မှ ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ခင်အေး သစ် က ဆုချီး မြှင့် ခဲ့သည်။

ယခု ပြိုင်ပွဲမှ ရရှိ သော ဆုကြေး ငွေများ ကို သက်ဆိုင် ရာ ဘောလုံး အသင်း များသည် လူမှု ရေး အသင်း အဖွဲ့ များ၊ အမှန် တကယ် လိုအပ် နေသည့် နေရာ များသို့ လှူဒါန်း သွားမည် ဖြစ်ကြောင်း သိရသည်။