Covid-19 ပိုးတွေ့လူနာများစောင့်ရှောက်ကုသလျက်ရှိသည့် အမှတ်(၁) တပ်မတော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်းသို့ ကျပ် ၁၂ သိန်းတန်ဖိုးရှိ Royal-D သီးစုံဓာတ်ဆားအားဖြည့်အချိုရည်များ ရန်ကုန်ယူနိုက်တက်အသင်းလှုဒါန်း

ယနေ့နံနက်ပိုင်းက Covid-19 ရောဂါပိုးတွေ့လူနာများကုသရေးနှင့်စောင့်ရှောက်ရေးများပြုလုပ်နေသည့် လှိုင်မြို့နယ်ရှိ အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ရန်ကုန်ယူနိုက်တက်အသင်း တာဝန်ရှိသူများက Royal-D သီးစုံဓာတ်ဆားအားဖြည့်အချိုရည်များ သွားရောက်လှုဒါန်းခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် Covid-19 ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများအတွက် တစ်ဖက်တစ်လှမ်းက ကူညီပေးလျက်ရှိပြီး Covid-19 ပိုးတွေ့လူနာများထားရှိရာ အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ တန်ဖိုးငွေကျပ် ၁၂ သိန်းရှိ Royal-D သီးစုံဓာတ်ဆားအားဖြည့်အချိုရည် ကဒ် ၂၀၀ ကို ရန်ကုန်ယူနိုက်တက်အသင်း ဥက္ကဌ ဦးပြည့်ဖြိုးတေဇ နှင့် အသင်းမိသားစုများ က လှုဒါန်းခဲ့သည်။

ထို့နောက် ကုသရေးစခန်းတာဝန်ရှိသူက လှုဒါန်းမှုကိုလက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ယခုလိုလှုဒါန်းမှုသည် တတိယအကြိမ်လှုဒါန်းခြင်းဖြစ်ပြီး လိုအပ်သည့်နေရာများကို လှုဒါန်းရသည့်အတွက် အထူးပင်ဝမ်းမြောက်မိပါကြောင်း ဖော်ပြအပ်ပါသည်။