AFC ကလပ်လိုင်စင်အတွက် ရန်ကုန်ယူနိုက်တက်အသင်း ပြင်ဆင်ထားရှိမှုများကို ကလပ်လိုင်စင်ဆိုင်ရာ ပဏာမစစ်ဆေးရေးအဖွဲ့ (FIB)မှ လာရောက်စစ်ဆေး

AFC ကလပ်လိုင်စင်အတွက် ရန်ကုန်ယူနိုက်တက်အသင်း ပြင်ဆင်ထားရှိမှုများကို ကလပ်လိုင်စင်ဆိုင်ရာ ပဏာမစစ်ဆေးရေးအဖွဲ့ (FIB)မှ လာရောက်စစ်ဆေး

အာရှဘောလုံးအဖွဲ့ချုပ် AFC ၏ AFC-MFF Club Licensing Regulations 2022 အတွက် ရန်ကုန်ယူနိုက်တက် အသင်းဆိုင်ရာ အထောက်အထားများ ပြင်ဆင်ထားရှိမှုများကို ကလပ်လိုင်စင်ဆိုင်ရာ ပဏာမစစ်ဆေးရေးအဖွဲ့ (FIB) မှ ယနေ့နံနက်ပိုင်းတွင် Yangon United Sports Complex ၌ လာရောက် စစ်ဆေးခဲ့ကြသည်။
ယခုစစ်ဆေးမှုသည် AFC CLAS System သို့ ကလပ်လိုင်စင်ဆိုင်ရာ criteria များကိုတင်ပြထားပြီး AFC မှ ဆုံးဖြတ်ချက်မချရသေးမီ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် First Instance Body (FIB) ဥက္ကဌနှင့် တာဝန်ရှိသူများက ကြိုတင်စစ်ဆေးခြင်းဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်း တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့သည်။