၇၀ ကြိမ်မြောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ညီလာခံသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ နှင့် ရန်ကုန်ယူနိုက်တက်အသင်း ဥက္ကဌ ဦးပြည့်ဖြိုးတေဇ တက်ရောက်

၇၀ ကြိမ်မြောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ညီလာခံသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ နှင့် ရန်ကုန်ယူနိုက်တက်အသင်း ဥက္ကဌ ဦးပြည့်ဖြိုးတေဇ တက်ရောက်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ နှင့် ရန်ကုန်ယူနိုက်တက်အသင်း ဥက္ကဌ ဦးပြည့်ဖြိုးတေဇ သည် ယနေ့ ညနေ ၇◌း၀၀ နာရီက Video Conference ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ၇၀ ကြိမ်မြောက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ညီလာခံသို့ တက်ရောက်ခဲ့သည်။

အဆိုပါညီလာခံတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အင်ဖာတီနို အပါအဝင် အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဌ ဦးပြည့်ဖြိုးတေဇ၊ အထွေထွေအတွင်းရေးမှုး ဦးကိုကိုသိန်း နှင့် အခြားကမ္ဘာ့နိုင်ငံများမှ အဖွဲ့ချုပ် ဥက္ကဌ တို့တက်ရောက်ခဲ့ကြသည်။

ထို့နောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အင်ဖာတီနို ဦးဆောင်၍ တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံ ၂၁၁ နိုင်ငံနှင့်အတူ လက်ရှိအခြေအနေများနှင့် ပတ်သက်၍ဆွေးနွေးမှုများ၊ မဲခွဲဆုံးဖြတ်ခြင်းများကို ပြုလုပ်ခဲ့ပြီး ၇၁ ကြိမ်မြောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ညီလာခံကို ဂျပန်နိုင်ငံ၊ တိုကျို မြို့တွင် ၂၀၂၁ ခုနှစ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။