၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ရန်ကုန်ယူနိုက်တက်အသင်းမှ ကစားသမား ၄ ဦး ရွေးချယ်ခံရ

၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ရန်ကုန်ယူနိုက်တက်အသင်းမှ ကစားသမား ၄ ဦး ရွေးချယ်ခံရ

ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပမည့် ၃၂ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အမျိုးသားဘောလုံးပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း ကစားသမားစာရင်းထုတ်ပြန်ခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းမှ ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ ဥက္ကာနိုင်၊ ဉာဏ်လင်းထက် တို့ရွေးချယ်ခံရတဲ့ အတွက် အထူးပင်ဂုဏ်ယူမိပါတယ်။ လာမည့်ပြိုင်ပွဲများတွင်လည်း နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ပါစေလို့ ရန်ကုန်ယူနိုက်တက်အသင်းက ဆုမွန်ကောင်းတောင်းအပ်ပါတယ်။