၂၀၂၁ ဘောလုံးရာသီအတွက်ရန်ကုန်ယူနိုက်တက်ကစားသမားလူစာရင်းထုတ်ပြန်ခြင်း

၂၀၂၁ ဘောလုံးရာသီအတွက်ရန်ကုန်ယူနိုက်တက်ကစားသမားလူစာရင်းထုတ်ပြန်ခြင်း

ရန်ကုန်ယူနိုက်တက်အသင်း၏ ၂၀၂၁ ဘောလုံးရာသီအတွက် အပြီးသတ်ကစားသမားခေါ်ယူမှုများအပြီးတွင် ကစားသမားစုစုပေါင်း ၃၁ ဦးဖြင့်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ပြိုင်ပွဲများအတွက် ကစားသမား ၃၀ ဦးနှင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ထိုကစားသမားစာရင်းတွင် မကြာသေးမီက ခေါ်ယူထားသည့် ပြည်တွင်းကစားသမား ၉ ဦးနှင့် ပြည်ပ ကစားသမား ၂ ဦး စုစုပေါင်း ၁၁ ဦးကိုခေါ်ယူထားခဲ့ပြီးဖြစ်သည်။ ထို့အပြင် အသင်းလူစာရင်းတွင် ရန်ကုန်ယူနိုက်တက်လူငယ်အသင်းမှ ခေါ်ယူထားသည့် အာကာလင်းမြတ် (ဂိုး)၊ စည်သူမိုးခန့် နဲ့ ဇော်ဝင်းသိန်း တို့ပါဝင်လာခဲ့ပြီး စုစုပေါင်း ကစားသမား ၃၁ ဦးဖြင့် အသင်းလေ့ကျင့်မှုများကို ပြုလုပ်သွားမည်ဖြစ်သည်။

ရန်ကုန်အသင်းနှင့်စာချုပ်ကျန်ရှိနေသည့် အောင်‌ကျော်နိုင်၊ ဇင်မင်းထွန်း နှင့် ကာလပ် တို့ကို အငှားချသွားမည်ဖြစ်ပြီး အသင်းနှင့်စာချုပ်ကုန်ဆုံးသွားသည့် ဝေလင်းအောင် (ဂိုး)၊ သိန်းသန်းဝင်း၊ သန်းပိုင်၊ ကျော်စွာလင်း၊ ထူးခန့်လွင်၊ စိုးမင်းနိုင် နှင့် ရန်‌အောင်ကျော် တို့၏နေရာများအတွက် အစားထိုးဖြည့်တင်းမှုများပြုလုပ်ပြီး ဖြစ်သည့်အတွက် ရန်ကုန်ယူနိုက်တက်အသင်း၏ လေ့ကျင့်ရေးအစီစဉ်များကို ဖေဖော်ဝါရီလတွင် ပြုလုပ်သွားမည်ဖြစ်သည်။