၂၀၂၀ ဘောလုံးရာသီအတွက် ရန်ကုန်ယူနိုက်တက်အသင်း နှင့် Royal D သီးစုံ-ဓာတ်ဆားအားဖြည့်ဖျော်ရည်တို့၏ Sponsorship သဘောတူစာချုပ်ချုပ်ဆို

၂၀၂၀ ဘောလုံးရာသီအတွက် ရန်ကုန်ယူနိုက်တက်အသင်း နှင့် Royal D သီးစုံ-ဓာတ်ဆားအားဖြည့်ဖျော်ရည်တို့၏ Sponsorship သဘောတူစာချုပ်ချုပ်ဆို

၂၀၂၀ ဘောလုံးရာသီအတွက် ရန်ကုန်ယူနိုက်တက်အသင်း နှင့် Royal D သီးစုံ-ဓာတ်ဆားအားဖြည့်ဖျော်ရည်တို့၏ Sponsorship သဘောတူစာချုပ် ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့ညနေ က ရန်ကုန်ယူနိုက်တက်အသင်း နှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ ပွဲစဉ်မတိုင်မီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်ယူနိုက်တက်အသင်း ဒုတိယဥက္ကဌ ဦးမင်းဆွေဦး၊ Myanmar Oasis Royal-D မှ ဒါရိုက်တာ ဦးဝေလင်း နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်ယူနိုက်တက်အသင်း ဒုတိယဥက္ကဌ ဦးမင်းဆွေဦး က လက်မှတ်ရေးထိုးထားသည့် Sponsorship စာချုပ်အား Myanmar Oasis Royal-D မှ ဒါရိုက်တာ ဦးဝေလင်း အား ပေးအပ်ခဲ့သည်။

ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်း ဒုတိယဥက္ကဌ ဦးမင်းဆွေဦး က အမှတ်တရဂျာစီလက်ဆောင်ပေးအပ်ခဲ့ပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခြင်းဖြင့် စာချုပ်ချုပ်ဆိုခြင်းအခမ်းအနား အောင်မြင်စွာရုတ်သိမ်းခဲ့သည်။