ဧရာဝတီအသင်းကို လေးလေးစားစားနှင့် ယှဉ်ပြိုင်မည်ဟု နောက်ခံလူ ဟိန်းဇေယျာလင်း ဆို

ဧရာဝတီအသင်းကို လေးလေးစားစားနှင့် ယှဉ်ပြိုင်မည်ဟု နောက်ခံလူ ဟိန်းဇေယျာလင်း ဆို

မနက်ဖြန်ယှဉ်ပြိုင်ကစားမည့် ဧရာဝတီယူနိုက်တက်အသင်းနဲ့ ပွဲစဉ်တွင် ပြိုင်ဘက်အသင်းကို လေးလေးစားစားနှင့် ယှဉ်ပြိုင်မည်ဟု ရန်ကုန်ယူနိုက်တက်အသင်း နောက်ခံလူ ဟိန်းဇေယျာလင်းက ပြောကြားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၈ တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ တွေ့ဆုံ နေပြီး ဇွန်လ ၄ ရက်နေ့၊ ညနေ ၃:၄၅ နာရီ၊ YUSC ကွင်းတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
အဆိုပါပွဲစဉ်နှင့် ပတ်သက်ပြီး ဟိန်းဇေယျာလင်း က “ပြင်ဆင်မှုအနေနဲ့ စုစုစည်းစည်းနဲ့ အကောင်းဆုံး ပြင်ဆင် ထားပါတယ်။ ပြိုင်ဘက်အသင်းကလည်း အသင်းကောင်းတစ်သင်း ဖြစ်တဲ့အတွက် လေးလေးစားစား ယှဉ်ပြိုင် ကစားသွားမှာပါ၊ အကောင်းဆုံးကြိုးစားသွားမှာ ဖြစ်တဲ့အတွက် လာရောက်အားပေးကြပါ” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၇ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၆ ပွဲနိုင်၊ ၁ပွဲရှုံး ရမှတ် ၁၈ မှတ် ရရှိထားပြီး အမှတ်ပေးဇယားအဆင့် ၂ နေရာတွင် ရပ်တည်နေသည်။