ဧရာဝတီယူနိုက်တက်အသင်းနောက်တန်းကစားသမား ဇော်ဝင်းကို ၂ နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

ဧရာဝတီယူနိုက်တက်အသင်းနောက်တန်းကစားသမား ဇော်ဝင်းကို ၂ နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်း၏ စတုတ္ထမြောက်ကစားသမားခေါ်ယူမှုအဖြစ် ဧရာဝတီယူနိုက်တက်အသင်း နောက်တန်းကစားသမား ဇော်ဝင်းကို နှစ်နှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ပြီဖြစ်သည်။

ဇော်ဝင်းသည် ပဲခူတိုင်း၊ ဒိုက်ဦးဇာတိဖြစ်ပြီး ကစားသမားဘဝကို ရန်ကုန်ယူနိုက်တက်အသင်းတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်ချန်ပီယံဆုဖလားများ ရရှိအောင် စွမ်းဆောင်ခဲ့သည့်
ကစားသမားတစ်ဦးလည်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ယူ-၁၉၊ ယူ-၂၂ နှင့် လက်ရွေးစင်အသင်းကြီးတို့တွင် ရွေးချယ်ခံခဲ့ရသည့် သူတစ်ဦးလည်းဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ချင်းယူနိုက်တက်အသင်း၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တို့တွင် ရခိုင်ယူနိုက်တက်အသင်းသို့ပြောင်းရွေ့ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက် ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်တို့တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် အတူခြေစွမ်းပြယှဉ်ပြိုင်ကစားခဲ့သည့်အတွက် ရန်ကုန်ယူနိုက်တက်အသင်းက ယခုလိုခေါ်ယူလိုက်ခြင်းဖြစ်သည်။

ဇော်ဝင်းက “ရန်ကုန်အသင်းကို ပြန်လည်ရောက်ရှိလာတဲ့အတွက် တကယ်ကိုဝမ်းသာမိပါတယ်။ ပျော်လည်းပျော်ပါတယ်။ပရိသတ်တွေကိုပြောချင်တာက ကျွန်တော်အရင်ကရှိတဲ့လုပ်အားနှုန်းထက် ပိုပိုပြီး ပေးနိုင်အောင် ကြိုးစားသွားပါမယ်လို့ပြောချင်ပါတယ်။” ဟု ဝမ်းသာစကားဆိုခဲ့သည်။