ဧရာဝတီယူနိုက်တက်အသင်းနဲ့ ပွဲစဉ်တွင် ပေးဂိုးမရှိ‌စံချိန်ကိုဆက်လက်ထိန်းသွားမည်ဟု ဟိန်းဇေယျာလင်းဆို

ဧရာဝတီယူနိုက်တက်အသင်းနဲ့ ပွဲစဉ်တွင် ပေးဂိုးမရှိ‌စံချိန်ကိုဆက်လက်ထိန်းသွားမည်ဟု ဟိန်းဇေယျာလင်းဆို

မနက်ဖြန်ယှဉ်ပြိုင်ရမည့် ဧရာဝတီယူနိုက်တက်အသင်းနဲ့ ပွဲစဉ်တွင် ပေးဂိုးမရှိစံချိန်ကို ဆက်လက်ထိန်းပြီးယှဉ်ပြိုင်ကစားသွားမည်ဟု ရန်ကုန်ယူနိုက်တက်အသင်း‌နောက်ခံလူ ဟိန်းဇေယျာလင်းက ပြောကြားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၄)တွင် ဧရာဝတီယူနိုက်တက်အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ တွေ့ဆုံနေပြီး ဇူလိုင်လ ၂၀ ရက်၊ ညနေ ၃း၀၀ နာရီအချိန်၊ သုဝဏ္ဏအားကစားကွင်းတွင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါပွဲစဉ်နဲ့ ပတ်သက်၍ ဟိန်းဇေယျာလင်းက ” ဧရာဝတီယူနိုက်တက်အသင်းမှာ ကစားသမားကောင်းတွေရှိပါတယ်။ အဲ့ဒါကြောင့် ဒီပွဲစဉ်ကိုလည်း ရှေ့ကပွဲစဉ်တွေအတိုင်း ကျွန်တော်တို့ သေချာအာရုံစိုက် ကစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ်(၃)ပွဲ ယှဉ်ပြိုင်ကစားထားပြီးချိန်တွင် ရမှတ် ၉ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၂ နေရာတွင် ရပ်တည်နေပြီး ဧရာဝတီယူနိုက်တက်အသင်းကတော့ ၂ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၆ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေသည်။