အကောင်းဆုံးရလဒ်တစ်ခုရရှိအောင်ပြင်ဆင်ထားသည် ဟု မောင်မောင်ဝင်း ဆို

အကောင်းဆုံးရလဒ်တစ်ခုရရှိအောင်ပြင်ဆင်ထားသည် ဟု မောင်မောင်ဝင်း ဆို

ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား မောင်မောင်ဝင်း က အကောင်းဆုံးရလဒ်တစ်ခုရရှိအောင် ပြင်ဆင်ထားသည် ဟု ဟောင်ဂန်းအသင်းနှင့် ပွဲမတိုင်မီတွင် ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cup 2020 (Group-F) ပြိုင်ပွဲအဖြစ် မနက်ဖြန် မတ်လ ၁၀ ရက်နေ့၊ ညနေ ၃း၃၀ နာရီ၊ သုဝဏ္ဏကွင်းတွင် စင်္ကာပူကလပ် ဟောင်ဂန်းယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မောင်မောင်ဝင်း က “ လာမယ့်ဟောင်ဂန်းအသင်းနဲ့ ပွဲမတိုင်မီမှာ လိဂ်ပွဲကစားခဲ့ရတဲ့အတွက် ပွဲပန်းမှုတွေရှိပါတယ်။ ပွဲဆက်တွေများနေတဲ့အတွက် အနည်းနဲ့အများတော့ လုပ်အားနှုန်းကို သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီပွဲက မဖြစ်မနေအနိုင်ကစားရမယ့်ပွဲဖြစ်တဲ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားယှဉ်ပြိုင်သွားပါမယ်။” ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး “ပြိုင်ဘက်အသင်းက တစ်မှတ်လျော့နဲ့ ရပ်တည်နေပေမယ့် အထင်သေးလို့မရပါဘူး။ သူတို့ကလည်း အဝေးကွင်းမှာ အနိုင်သုံးမှတ်ရအောင်တော့ ယှဉ်ပြိုင်ကြမှာပါ။ကျွန်တော်တို့ကလည်း သူတို့အသင်းကို လေးလေးစားစားနဲ့ အကောင်းဆုံးရလဒ်တစ်ခုရရှိအောင် ပြင်ဆင်ထားပါတယ်။” ဟု မောင်မောင်ဝင်း က ဆိုသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၂ ပွဲကစား၊ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၄ မှတ်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်နေပြီး ဟောင်ဂန်းယူနိုက်တက်အသင်းသည် ပွဲစဉ် ၂ ပွဲကစား၊ ၁ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၃ မှတ်ဖြင့် အဆင့် ၃ နေရာတွင်ရောက်ရှိနေသည်။

“ဒီပွဲက အိမ်ကွင်းမှာ ကစားတာနောက်ဆုံးပွဲဖြစ်တဲ့အတွက် ပရိသတ်တွေလာရောက်ကြည့်ရှုအားပေးစေချင်ပါတယ်။
မအားတဲ့သူတွေကလည်း TV ကနေ ကြည့်ရှုအားပေးစေချင်ပါတယ်” ဟု မောင်မောင်ဝင်း က ပရိသတ်များကို ဖိတ်ခေါ်ခဲ့သည်။