လူငယ်ကစားသမား စည်သူမိုးခန့်နှင့် မိတ်ဆက်ခြင်း

လူငယ်ကစားသမား စည်သူမိုးခန့်နှင့် မိတ်ဆက်ခြင်း

ဒီတစ်ပတ်မှာတော့ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အားထားရမယ့် လူငယ်ကစားသမားတစ်ဦးနဲ့ ထပ်မံ မိတ်ဆက်ပေးသွားပါမယ်။ သူကတော့ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ စည်သူမိုးခန့်ပဲ ဖြစ်ပါတယ်။

မန္တလေးအကယ်ဒမီမှာ ၂၀၁၀ ခုနှစ်ကစတင်ပြီး ၂၀၁၆ ခုနှစ်ထိ လေ့ကျင့်သင်ယူခဲ့ပြီး ၂၀၁၆ ခုနှစ်မှစတင်ကာ သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင်အသင်းတွေမှာ ရွေးချယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းနဲ့အတူ ၂၀၁၇ ခုနှစ် ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ M-150 Cup ပြိုင်ပွဲအတွက်လည်း ရွေးချယ်ခံခဲ့ရပါတယ်။ မြန်မာ့လက်ရွေးစင် လူငယ်အသင်းနဲ့အတူ နိုင်ငံတကာပြိုင်ပွဲတွေမှာ အောင်မြင်မှုများရရှိအောင် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ခံစစ်မှုးတစ်ဦးလည်းဖြစ်ပါတယ်။

ပြည်တွင်းပြိုင်ပွဲတွေမှာလည်း Junior Lions အသင်းနဲ့အတူ ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ ပြိုင်ပွဲမှာ ချန်ပီယံဆုဖလားကိုင်မြှောက်နိုင်ခဲ့ပြီး ၂၀၂၀ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲမှာလည်း ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။