လာမည့်ရတနာပုံနှင့် ပွဲအတွက်အနိုင်ရလဒ်ရရှိအောင် အကောင်းဆုံးပြင်ဆင်ထားသည်ဟု စအောင်ပြည့်ကို ပြောကြား

လာမည့်ရတနာပုံနှင့် ပွဲအတွက်အနိုင်ရလဒ်ရရှိအောင် အကောင်းဆုံးပြင်ဆင်ထားသည်ဟု စအောင်ပြည့်ကို ပြောကြား

ရန်ကုန်ယူနိုက်တက်အသင်းကွင်းလယ်ကစားသမား စအောင်ပြည့်ကို က လာမည့်ရတနာပုံနှင့် ပွဲတွင် အနိုင်ရလဒ် ရရှိအောင် အကောင်းဆုံးပြင်ဆင် ထားသည်ဟု ဆိုခဲ့သည်။
“အနိုင်ရလဒ်ရရရှိအောင်အကောင်းဆုံးပြင်ဆင်ထားပါတယ်။ နည်းပြကိုယ်တိုင် လည်းသေချာပြင်ဆင်ထားတဲ့ အပြင် သူလိုချင်တဲ့ ကစားကွက်တွေအတိုင်းလိုက်ကစားနိုင်အောင် ကစားသမားတွေ အားလုံးလည်း ပြင်ဆင်ထား ပါတယ်။” ဟု ပွဲမတိုင်မီပြင်ဆင်ထားမှုများကို ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့၏ ပွဲစဉ်ကို မေလ ၃၁ ရက်နေ့၊ ညနေ ၄:၀၀ နာရီ၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
“ရတနာပုံအသင်းကလည်း အရည်အချင်းရှိတဲ့လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် လျော့တွက်ပြီးတော့ ကန်လို့မရပါဘူး။ သေချာအာရုံစူးစိုက်ပြီး အနိုင်ရလဒ်ရရှိအောင်ကန်မှရပါမယ်။” ဟု ၎င်းက ပြိုင်ဘက်အသင်းနှင့် ပတ်သက်၍ မှတ်ချက်ပြုစကားပြောခဲ့သည်။
ဆက်လက်ပြီး “ကျွန်တော်တို့အသင်းလည်း တစ်ပွဲထက်တစ်ပွဲပိုကောင်းလာဖို့ ကြိုးစားနေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိ အချိတ်အဆက်မိမိနဲ့ပိုကောင်းလာဖို့ ယုံကြည်ပါတယ်။ အားပေးနေကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကွင်းထဲထိလာရောက် အားပေးကြမယ့် ပရိသတ်တွေရော လိုင်းပေါ်ကနေအားပေးကြည့်ရှု နေကြမယ့် ပရိသတ်တွေအတွက် အကောင်းဆုံးရလဒ် ရရှိအောင်ယှဉ်ပြိုင်သွားပါမယ်။” ဟု ဆိုခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၆ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းသည် ၅ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၁၅ မှတ်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်နေပြီး ရတနာပုံအသင်းသည် ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၈ မှတ်နှင့် အဆင့် ၅ နေရာတွင် ရပ်တည်နေသည်။