ရှမ်းယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ရန်နိုင်ဦး ကို နှစ်နှစ်စာချူပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

ရှမ်းယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ရန်နိုင်ဦး ကို နှစ်နှစ်စာချူပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်းသည် ကျန်ရှိသည့်ဘောလုံးရာသီအတွက် ပြင်ဆင်မှုအဖြစ် ရှမ်းယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ရန်နိုင်ဦး ကို ၂၀၂၂ အထိနှစ်နှစ်စာချုပ်ဖြင့်ချုပ်ဆိုခဲ့သည်။

ရန်ကုန်အသင်းကို ပြောင်းရွှေ့ဖြစ်သည်နှင့် ပတ်သက်၍ ရန်နိုင်ဦး က ယခုလို ပီတိစကားဆိုခဲ့သည်။ “ ရန်ကုန်အသင်းကို ရောက်လာတဲ့အတွက် အရမ်းကို ပျော်ရွှင်မိပါတယ်။ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးသွားပါမယ်” ဟု ဆိုသည်။
ကွင်းလယ်ကစားသမား ရန်နိုင်ဦးသည် ကစားသမားဘဝကို ဇေယျာရွှေမြေတွင်လူငယ်အသင်းတွင် စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဇေယျာရွှေမြေအကြီးအသင်း၊ ၂၀၁၆ မှ ၂၀၂၀ ရာသီဝက်အထိ ရှမ်းယူနိုက်တက်အသင်းတို့တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့သည့် လူငယ်ကစားသမားတစ်ဦးဖြစ်သည်။
ထို့အပြင် ၂၀၁၄ တွင် မြန်မာလက်ရွေးစင် ယူ-၁၉ အသင်းနှင့် ဘရူနိုင်းဘုရင့်ဖလား ဆွတ်ခူးခဲ့ပြီး ၂၀၁၅ ခုနှစ်၊ နယူးဇီလန်နိုင်ငံတွင် ကျင်းပသည့် ယူ-၂၀ ကမ္ဘာဖလား ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဦးဆုံးဂိုးသွင်းရှင်အဖြစ် မှတ်တမ်းဝင်ခဲ့သူလည်း ဖြစ်သည်။ ဆက်တိုက်ပင် မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရပြီး ခြေစွမ်းပြသ
နေသူတစ်ဦးလည်းဖြစ်သည်။
ဆက်လက်ပြီး “ လက်ရှိအသင်းမှာ ကျွန်တော့်နဲ့အတူတူ ကစားဖူးတဲ့သူတွေရှိတယ်။ ဒါကြောင့် သူတို့ရဲ့ ကစားပုံတွေကို သိထားတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိနဲ့ တစ်ဖက်အသင်းကို အကောင်းဆုံးတုန့်ပြန့်ကစားနိုင်မယ်လို့ ယုံကြည်မှုရှိပါတယ်။” ရန်နိုင်ဦး က ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းနဲ့ အသင်းကို အားပေးကြတဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားသွားပါမယ်။ အသင်းအောင်မြင်မှုရရှိအောင် အကောင်းဆုံးကြိုးစားပြီး စွမ်းဆောင်ပေးပါမယ်လို့ပြောချင်ပါတယ်။” ဟု ပရိသတ်များကို ပြောကြားခဲ့သည်။