ရှမ်းယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ အကောင်းဆုံးရလဒ်ရရှိအောင် ကြိုးစားမည်ဟု ဒေးဗစ်ထန်းဆို

ရှမ်းယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ အကောင်းဆုံးရလဒ်ရရှိအောင် ကြိုးစားမည်ဟု ဒေးဗစ်ထန်းဆို

မနက်ဖြန်ယှဉ်ပြိုင်ကစားမည့် ရှမ်းယူနိုက်တက်အသင်းနဲ့ ပွဲစဉ်တွင် အကောင်းဆုံးရလဒ်ရရှိအောင် ကြိုးစားသွားမည် ဟု ရန်ကုန်ယူနိုက်တက် ကွင်းလယ်ကစားသမား ဒေးဗစ်ထန်းက ပြောကြားခဲ့သည်။
၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၁ တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ တွေ့ဆုံနေပြီး အဆိုပါပွဲစဉ်ကို စက်တင်ဘာလ ၁၀ ရက်နေ့၊ ညနေ ၃:၃၀ မိနစ်အချိန်၊ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါပွဲစဉ်နှင့် ပတ်သတ်ပြီး ဒေးဗစ်ထန်းက “တဖက်အသင်းနဲ့ပြိုင်ပွဲမှာ ဘယ်လိုအကောင်းဆုံးကစားသွားရမလဲဆိုတာကို ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ ပွဲချိန်ကလည်းအနည်းငယ်ပြောင်းထားတဲ့အတွက် အဆင်ပြေပါတယ်။ ကွင်းထဲမှာ အလုပ်လုပ်တဲ့အသင်းအတွက် အဖြေတစ်ခုထွက်လာမှာပါ” ဟု ပြောကြားခဲ့သည်။
ထို့အပြင် ဒေးဗစ်ထန်းက “ကျွန်တော်တို့ ဒီပွဲမှာလိုချင်တဲ့ရလဒ်ရရှိအောင် ကြိုးစားသွားမှာပါ၊ ပရိသတ်တွေလည်း ဆက်လက်အားပေးကြပါဦး” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၀ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၇ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၂၂ မှတ်ဖြင့် အမှတ်ပေးဇယားဒုတိယနေရာတွင် ရပ်တည်နေပြီး ရှမ်းယူနိုက်တက် အသင်းသည် ၉ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၂၈ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၁ နေရာတွင် ရပ်တည်နေသည်။