ရှမ်းယူနိုက်တက်(ယူ-၂၁)အသင်းက ရန်ကုန်ယူနိုက်တက်(ယူ-၂၁)အသင်းကို ၂ – ၀ ဂိုးဖြင့် အနိုင်ရရှိ

ရှမ်းယူနိုက်တက်(ယူ-၂၁)အသင်းက ရန်ကုန်ယူနိုက်တက်(ယူ-၂၁)အသင်းကို ၂ – ၀ ဂိုးဖြင့် အနိုင်ရရှိ

မြန်မာနေရှင်နယ်လိဂ်(ယူ-၂၁) လူငယ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် ၁၁ အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသည့် ရန်ကုန်ယူနိုက်တက် (ယူ-၂၁) အသင်းနှင့် ရှမ်းယူနိုက်တက် (ယူ-၂၁) အသင်းတို့၏ ပွဲစဉ်တွင် ရှမ်းလူငယ်အသင်းက ညီညီနှင့် သူရိန်ထွန်းတို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက် (ယူ-၂၁) အသင်းတွင် ခန့်ကျော်ဦး (ဂိုး)၊ ရန်ပိုင်ဖြိုး၊ စိုင်းဆန္ဒအောင်၊ ရဲဌေး၊ စောကျော်အဲ၊ လွှမ်းမိုးဦး၊ ဇင်ကိုထက်၊ တေဇောလင်း၊ ချစ်မင်းပိုင်၊ မင်းခန့်မောင် နှင့် နိုင်မင်းသူ တို့ပွဲထွက် ပါဝင်ခဲ့ကြသည်။

ပွဲစဉ် ၁၁ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၅ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၁၈ မှတ်ရရှိထားပြီး လာမည့် မတ်လ ၃၀ ရက်နေ့၊ တောင်ဒဂုံကွင်းတွင် ငွေကြယ်ပွင့်လေးများ အသင်းနှင့် ဆက်လက်ယှဥ်ပြိုင်ကစားမည်ဖြစ်သည်။