ရေဘေးအတွက် ရန်ကုန်အသင်းပိုင်ရှင်နှင့် ဥက္ကဌ အလှူငွေလှူဒါန်း

ရေဘေးအတွက် ရန်ကုန်အသင်းပိုင်ရှင်နှင့် ဥက္ကဌ အလှူငွေလှူဒါန်း

ရန်ကုန် ယူနိုက် တက် အသင်း ပိုင်ရှင် ဦးတေဇ နှင့် အသင်း ဥက္ကဌ ဦးပြည့်ဖြိုး တေဇ တို့သည် ရေဘေး ကယ်ဆယ် ရေး လုပ်ငန်း များပြု လုပ်နေ သည့် အားကစား မီဒီယာ ပရဟိ တ အသင်း သို့ ငွေကျပ် သိန်း ၅၀ လှူဒါန်း လိုက်သည်။

ယင်း အလှူ ပွဲကို သြဂုတ် လ ၂၈ ရက်နေ့၊ နေ့လယ် ပိုင်းက ရန်ကုန် အသင်း ၏ မြက်ခင်း တုကွင်း တွင် ကျင်းပ ခဲ့ပြီး အလှူ ပွဲ အပြီး တွင် အား ကစား မီဒီ ယာ ဘောလုံး အသင်း နှင့် ရန်ကုန် ယူနိုက် တက် အသင်း ဥက္ကဌ ပါဝင် သော ရန်ကုန် အုပ်ချုပ် မှု အသင်း တို့ ချစ်ကြည် ရေး ဘောလုံး ပွဲ ကစား ခဲ့သည်။

ယခု လှူဒါန်း မှုနှင့် ပတ်သက် ၍ အားကစား မီဒီ ယာ ပရဟိ တ အသင်း မှ ဦးကို ကိုလတ် က “အရမ်း ဝမ်းသာ ရပါ တယ်။ မြန်မာ တစ်နိုင် ငံလုံး မှာ ရေဘေး ကြောင့် အကူ အညီ လိုနေ တဲ့အချိန် မှာ တကယ် ထိရောက် တဲ့ အကူ အညီ မျိုးကို ပေးတဲ့ ရန်ကုန် အသင်း ပိုင်ရှင် နဲ့ အသင်း ဥက္ကဌ တို့ကို ကျေးဇူး တင်ပါ တယ်။ အကူ အညီ လိုအပ် နေတဲ့ နေရာ တွေကို ကျွန်တော် တို့ အားကစား မီဒီယာ ပရဟိ တ အသင်း က ထိထိ ရောက်ရောက် လှူဒါန်း သွားမှာ ပါ” ဟု ဆိုသည်။

ချစ်ကြည် ရေး ဘောလုံး ပွဲတွင် ရန်ကုန် အုပ်ချုပ် မှု အသင်း ဘက်မှ အသင်း ဥက္ကဌ နှင့် နည်းပြ အဖွဲ့ ဝင်များ ပါဝင် ကစား ခဲ့ပြီး အားကစား မီဒီယာ ဘောလုံး အသင်း တွင် မီဒီယာ အလွှာ အသီးသီး မှ ပုဂ္ဂိုလ် များ ပါဝင် ခဲ့သည်။