ရေနစ်ကွယ်လွန်ခဲ့သည့် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ဦးအေးဆန်း မိသားစုအား ရန်ကုန်ယူနိုက်တက်အသင်း က ငွေကျပ် (၁၀) သိန်းထောက်ပံ့

ရေနစ်ကွယ်လွန်ခဲ့သည့် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ဦးအေးဆန်း မိသားစုအား ရန်ကုန်ယူနိုက်တက်အသင်း က ငွေကျပ် (၁၀) သိန်းထောက်ပံ့

ရန်ကုန်ယူနိုက်တက်အသင်းမှ တာဝန်ရှိသူများသည် ဇွန်လ ၁၂ ရက်နေ့က ရေနစ်ကွယ်လွန်ခဲ့သည့် မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းနှင့် ရန်ကုန်အမျိုးသားဘောလုံးအကယ်ဒမီနည်းပြ ဦးအေးဆန်း နေအိမ်သို့ ယနေ့ နေ့လယ်ကသွားရောက်၍ နှစ်သိမ့်အားပေးစကားပြောကြားခဲ့ပြီး အလှုငွေ ကျပ် ၁၀ သိန်းကို ကျန်ရစ်သူမိသားစုထံပေးအပ်လှုဒါန်းခဲ့သည်။

သေဆုံးသူ ဦးအေးဆန်းသည် ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ သရက်ချောင်း ရေတံခွန်တွင် ရေနစ်ကွယ်လွန် သွားခဲ့ခြင်းဖြစ်သည်။ ဦးအေးဆန်း ကွယ်လွန်ခြင်းအတွက် ရန်ကုန်ယူနိုက်တက်အသင်း ဥက္ကဌနှင့် အုပ်ချုပ်သူ/နည်းပြ၊ ကစားသမားများက အထူးပင်ဝမ်းနည်းကြေကွဲမိပါကြောင်းနှင့် ကွယ်လွန်သူ ကောင်းရာသုဂတိသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။