ရာသီတုတ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ရန်ကုန်ယူနိုက်တက်အသင်းပြုလုပ်

ရာသီတုတ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ရန်ကုန်ယူနိုက်တက်အသင်းပြုလုပ်

တစ်ဦးတစ်ယောက်ချင်းစီ၏ ကျန်းမာရေးကို အထူးဂရုပြုအလေးထားသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် မိုးရာသီတွင်ဖြစ်လေ့ရှိသည့် ရာသီတုတ်ကွေးရောဂါကို ကွာကွယ်သည့် အနေဖြင့် ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းများကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ပြုလုပ်ခဲ့သည်။

မကြာမီကျင်းပတော့မည့် ပြိုင်ပွဲများအတွက် ကျန်းမာရေးကောင်းမွန်ပြီး စိတ်ချရသောအခြေအနေရှိစေရေးအတွက် ရန်ကုန်ယူနိုက်တက်အသင်းသည် ကစားသမားများ၊ အသင်းနည်းပြ/အုပ်ချုပ်သူများအတွက် ရောဂါပိုးရှိမရှိစစ်ဆေးခြင်းများ၊ ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းများကို ကြိုတင် ပြုလုပ်ထားလျက်ရှိသည်။

ရန်ကုန်ယူနိုက်တက်အသင်း၏ ပထမဦးဆုံးပြန်လည်စတင်မည့်ပွဲတွင် မကွေးအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။