ရန်ကုန် လူငယ်အသင်းက မြဝတီ လူငယ်အသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရရှိ

ရန်ကုန် လူငယ်အသင်းက မြဝတီ လူငယ်အသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရရှိ

MPT မြန်မာနေရှင်နယ်လိဂ် (ယူ-၂၁) လူငယ်အမှတ်ပေးပြိုင်ပွဲ ပွဲစဥ်-၁၀ အဖြစ် မြဝတီ (ယူ-၂၁) အသင်းနှင့် ရန်ကုန်ယူနိုက်တက် (ယူ-၂၁) အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာ ရန်ကုန် လူငယ်အသင်းက မြဝတီ လူငယ်အသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက် (ယူ-၂၁) အသင်းတွင် ခန့်ကျော်ဦး (ဂိုး)၊ ရန်ပိုင်ဖြိုး၊ ငြိမ်းချမ်းအောင်၊ ရဲဌေး၊ စောကျော်အဲ၊ လွှမ်းမိုးဦး၊ ဇင်ကိုထက်၊ တေဇောလင်း၊ ချစ်မင်းပိုင်၊ အောင်အောင်ဦး နှင့် နိုင်မင်းသူ တို့ပွဲထွက်ပါဝင်ခဲ့ကြသည်။

ရန်ကုန် အသင်းအတွက် အနိုင်ဂိုးများကို ရဲဌေး နှင့် မင်းဟိန်းထက် တို့က သွင်းယူပေးခဲ့ပါသည်။

ရန်ကုန်ယူနိုက်တက် (ယူ-၂၁) အသင်းသည် ပွဲစဥ် ၁၀ ပွဲယှဥ်ပြိုင်ကစားပြီးချိန်တွင် ၅ပွဲ နိုင်၊ ၃ပွဲ သရေ၊ ၂ပွဲ ရှုံး ရမှတ် ၁၈ မှတ် ဖြင့် အဆင့်(၇)နေရာတွင် ရောက်ရှိနေပြီး လာမည့် မတ်လ (၂၂) ရက်နေ့တွင် ရှမ်းယူနိုက်တက် (ယူ-၂၁) အသင်းနှင့် ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ယှဥ်ပြိုင်ကစားမည်ဖြစ်သည်။