ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှုး ဝင်းနိုင်ထွန်း အား ဘော်နီယို ဆမာရင်ဒါ အသင်းသို့ သွားရောက်ကစားခွင့်ပြု

ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှုး ဝင်းနိုင်ထွန်း အား ဘော်နီယို ဆမာရင်ဒါ အသင်းသို့ သွားရောက်ကစားခွင့်ပြု

ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှုး ဝင်းနိုင်ထွန်း အား နိုင်ငံတကာအတွေ့အကြုံများရရှိရန်အတွက် အင်ဒိုနီးရှားလိဂ်-၁ ကလပ် ဘော်နီယို ဆမာရင်ဒါ အသင်းသို့ သွားရောက်ကစားခွင့်ပြုလိုက်ပြီဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ် ဂိုးသွင်းအများဆုံးကစားသမားတစ်ဦးဖြစ်သည့် ဝင်းနိုင်ထွန်းအား အင်ဒိုနီးရှားလိဂ်-၁ ကလပ်အသင်း ဘော်နီယို အသင်းမှ ၎င်းတို့ကလပ်အသင်းတွင် တစ်ရာသီလာရောက်ကစားရန် ရန်ကုန်ယူနိုက်တက်အသင်းအား တရားဝင်ကမ်းလှမ်းလာသည့်အတွက် ရန်ကုန်ယူနိုက်တက်အသင်းက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းအတွက် အားထားရသည့်တိုက်စစ်မှုးဖြစ်သည့် ဝင်းနိုင်ထွန်းသည် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ယခုနှစ်ကုန်အထိ စာချုပ်လက်ကျန် ရှိနေသော်လည်း မြန်မာ့လက်ရွေးစင်အသင်းနှင့် မြန်မာနေရှင်နယ်လိဂ် အတွက်အထောက်အကူဖြစ်‌စေရန်နှင့် နိုင်ငံတကာအတွေ့အကြုံကောင်းများရရှိစေရန် ရည်ရွယ်ပြီး အင်ဒိုနီးရှားလိဂ်-၁ ကလပ် ဘော်နီယို အသင်းသို့ သွားရောက်ကစားခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းနှင့်အတူကြိုးစားအားထုတ်ပေးခဲ့မှုများအတွက်ကျေးဇူးတင်ရှိပါကြောင်း နှင့် ဆက်လက်ပြီးအောင်မြင်မှုများနှင့် အတွေ့အကြုံကောင်းများရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။