ရန်ကုန်ယူနိုက်တက်အသင်းနှင့် Asia Green Development Bank (AGD Bank) တို့ ၂၀၂၃ ဘောလုံးရာသီအတွက် Main Sponsorship စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းနှင့် Asia Green Development Bank (AGD Bank) တို့ ၂၀၂၃ ဘောလုံးရာသီအတွက် Main Sponsorship စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းနှင့် Asia Green Development Bank (AGD Bank) တို့၏ ၂၀၂၃ ခုနှစ်ဘောလုံးရာသီအတွက် Main Sponsorship စာချုပ်ချုပ်ဆိုမှုအခမ်းအနားကို ယနေ့ညနေပိုင်းက ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း၏ အမှုဆောင်အရာရှိချုပ်ဦးရာဇာထွေးနှင့် အသင်းတာဝန်ရှိသူများနှင့် ကစားသမားများ၊ Asia Green Development Bank (AGD Bank) မှ Deputy Managing Director ဦးဝေလင်းဦး နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ Asia Green Development Bank (AGD Bank) မှ Deputy Managing Director ဦးဝေလင်းဦး က နှစ်စဉ်နှစ်တိုင်း AGD Bank အနေဖြင့် ရန်ကုန်ယူနိုက်တက်အသင်းကို ပံ့ပိုးကူညီခွင့်ရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်းနှင့် နောင်တွင်လည်း အသင်းတိုးတက်မှုနှင့် အောင်မြင်မှုရရှိရေးအတွက် ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်းအမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး က နှစ်စဉ် Main sponsor (သို့) Co-sponsor အဖြစ်ပံ့ပိုးကူညီပေးနေသည့် Asia Green Development Bank (AGD Bank) ကိုအထူးပင်ကျေးဇူးတင် ရှိပါကြောင်း၊ AGD Bank အတွက်ရိုက်ကူးမှုများနှင့် အခြားလိုအပ်သည်များ ကူညီပေးရန်အသင့်ရှိနေပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Main Sponsorship သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းဖြင့် အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။