ရန်ကုန်ယူနိုက်တက်အသင်း၏ 2023 ဂျာစီနှင့်ပံ့ပိုးကူညီပေးသည့် စပွန်ဆာကုမ္ပဏီများ မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်ယူနိုက်တက်အသင်း၏ 2023 ဂျာစီနှင့်ပံ့ပိုးကူညီပေးသည့် စပွန်ဆာကုမ္ပဏီများ မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်ယူနိုက်တက်အသင်း၏ ၂၀၂၃ ဘောလုံးရာသီ ဂျာစီနှင့် ပံ့ပိုးကူညီပေးကြသည့် စပွန်ဆာကုမ္ပဏီများ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ညနေက Yangon United Sports Complex တွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ ရန်ကုန်ယူနိုက်တက်အသင်း ဒုတိယဥက္ကဌ ဦးမင်းဆွေဦး၊ ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး၊ ရန်ကုန်ယူနိုက်တက်အသင်းကိုပံ့ပိုးကူညီပေးကြသည့် မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ မီဒီယာများ၊ ရန်ကုန်ယူနိုက်တက်အသင်းအုပ်ချုပ်/နည်းပြ အဖွဲ့ဝင်များ၊ ကစားသမားများနှင့် ရန်ကုန်ယူနိုက်တက်အသင်းကို အားပေးနေကြသည့် အမာခံ ပရိသတ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်ယူနိုက်တက်အသင်း ဒုတိယဥက္ကဌ ဦးမင်းဆွေဦး က ၂၀၂၃ ဘောလုံးရာသီကြိုပြင်ဆင်မှုများ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီးနောက် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော် က ယခုလိုကျင်းပပြီးပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်နေသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်းဆိုခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းဝတ်ဆင်ယှဉ်ပြိုင်သွားမည့် အိမ်ကွင်း/အဝေးကွင်း ဂျာစီ၊ ဂိုးသမားဝတ်စုံ၊ Polo shirt ၊ Tracksuit & bag တို့ကိုမိတ်ဆက်ပြသ ပေးခဲ့သည်။
ဆက်လက်ပြီး ၂၀၂၃ ဘောလုံးရာသီတွင် နည်းပြချုပ်တာဝန်ယူ ကိုင်တွယ်သွားမည့် ဦးကျော်ဒွန်း နှင့် ကစားသမားသစ်များဖြစ်ကြသည့် ဇော်ရဲထွန်း၊ ဟာဘီလာ၊ ဥက္ကာနိုင်၊ ရန်လင်းအောင်၊ ကောင်းထက်စိုး၊ ရန်ကျော်ထွေး၊ ဆီလာ၊ လှိုင်းဘိုဘို တို့ ပရိသတ်ရှေ့သို့မိတ်ဆက်ပေးခဲ့သည်။ ထို့နောက် ရန်ကုန်ယူနိုက်တက် အသင်းကို ၂၀၂၃ ဘောလုံးရာသီတွင် ပံ့ပိုးကူညီပေးသွားမည့် စပွန်ဆာများနှင့် မိတ်ဆက်ပေးခဲ့ပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ်ဦးရာဇာထွေး က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ ထို့နောက် တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ပြီး ၂၀၂၃ ခုနှစ် ဂျာစီနှင့် စပွန်ဆာမိတ်ဆက်ပွဲ အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့သည်။