ရန်ကုန်ယူနိုက်တက်အသင်းနှင့် First National Insurance (General) Co., Ltd တို့ ၂၀၂၃ ဘောလုံးရာသီ အတွက် Sponsorship စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းနှင့် First National Insurance (General) Co., Ltd တို့ ၂၀၂၃ ဘောလုံးရာသီ အတွက် Sponsorship စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းနှင့် First National Insurance (General) Co., Ltd တို့၏၂၀၂၃ ဘောလုံးရာသီအတွက် sponsorship သဘောတူစာချုပ်ချုပ်ဆိုမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်အနားတွင် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းမှ အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး နှင့် အသင်းတာဝန်ရှိသူများနှင့် ကစားသမားများ၊ First National Insurance (General) Co., Ltd မှ Deputy Managing Director ဦးအောင်ကိုကိုတင်ဝင်း နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ First National Insurance (General) Co., Ltd မှ Deputy Managing Director ဦးအောင်ကိုကိုတင်ဝင်း က ရန်ကုန်ယူနိုက်တက်အသင်းကိုယခုလိုပံ့ပိုးခွင့်ရသည့်အတွက် ဂုဏ်ယူပါကြောင်း၊ အောင်မြင်မှုအစဉ်အလာကြီးမားသည့်အပြင် နှစ်စဉ်အသင်းဖွဲ့စည်းမှုကိုလည်း တက်တက်ကြွကြွလုပ်ဆောင် နေသည့် ရန်ကုန်ယူနိုက်တက်အသင်းကို နှစ်စဉ်ပံ့ပိုးကူညီပေးသွားချင်ပါကြောင်းပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်းအမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးက ရန်ကုန်ယူနိုက်တက်အသင်းကို နှစ်စဉ်ပံ့ပိုးနေကြကုမ္ပဏီဖြစ်တဲ့ First National Insurance (General) Co., Ltd ကိုကျေးဇူးတင်ပါကြောင်းနှင့် အသင်းအနေနှင့် လိုအပ်သည်များပြန်လည် ကူညီပေးရန်အဆင်သင့်ရှိနေမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် Sponsorship သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခြင်းဖြင့် အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။