ရန်ကုန်ယူနိုက်တက်အသင်း 2023 Official Hotel Partner အဖြစ် Aureum Palace Hotel နှင့်စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်း 2023 Official Hotel Partner အဖြစ် Aureum Palace Hotel နှင့်စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်း၏ 2023 Official Hotel Partner အဖြစ် Aureum Palace Hotel နှင့်စာချုပ်ချုပ်ဆိုမှုအခမ်းအနားကို ယနေ့နေ့လည်က Yangon United Sports Complex တွင်ကျင်းပ ပြုလုပ်ခဲ့သည်။
ပထမဦးစွာ Htoo Hospitality မှာ Deputy Managing Director ဦးမြတ်မင်းဇင် က နှစ်စဉ်နှစ်တိုင်း အသင်းတာဝန်ရှိသူများနှင့် ကစားသမားများ အဆင်ပြေစေရန်အတွက် ယခုလိုကူညီပံ့ပိုးခြင်းဖြစ်ကြောင်း၊ အသင်းအောင်မြင်မှုရရှိအောင် အာရုံစိုက်ကစားနိုင်ရေးအတွက် အကောင်းဆုံးကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး ရှေ့ဆက်၍အသင်းနှင့်အတူ လက်တွဲပြီးအောင်မြင်မှုရရှိအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးက “ယခုနှစ် ၂၀၂၃ ဘောလုံးရာသီ အတွက် Aureum Palace Hotel ကကူညီပံ့ပိုးသည့်အတွက်ကျေးဇူးတင်ပါတယ်။ အသင်းဘက်ကလည်း Hotel Branding အတွက် သာမက ပရိုမိုးရှင်းပွဲများအတွက် လိုအပ်သည်များကိုပူးပေါင်းဆောင်ရွက်ပေးသွားပါမယ်” ဟု ပြောကြားခဲ့သည်။
ထို့နောက် စာချုပ်လက်မှတ်ရေးထိုးခဲ့ကြပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခြင်းဖြင့်အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။