ရန်ကုန်ယူနိုက်တက်အသင်း လေ့ကျင့်ရေးအစီစဉ်များ ပြန်လည်စတင်

ရန်ကုန်ယူနိုက်တက်အသင်း လေ့ကျင့်ရေးအစီစဉ်များ ပြန်လည်စတင်

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၃ ဘောလုံးရာသီတွင် ယှဉ်ပြိုင်ကစားရမည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ နှင့် AFC Cup 2023 ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများကို ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့၊ ညနေပိုင်းက ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင်စတင်ပြုလုပ်ခဲ့သည်။
တစ်လကျော်ကြာရပ်နားထားသည့် အသင်းလေ့ကျင့်ရေးအစီစဉ်များကို နည်းပြချုပ်ဦးကျော်ဒွန်းက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကာ လက်ရှိအသင်းလေ့ကျင့်ရေးအစီစဉ်တွင် ကစားသမား ၁၉ ဦးဖြင့်စတင်လေ့ကျင့်လျက်ရှိပြီး အပြီးသတ်ကစားသမားစာရင်းကို မကြာမီထုတ်ပြန်ကြေငြာပေးသွားမည် ဖြစ်ပါသည်။