ရန်ကုန်ယူနိုက်တက်အသင်းနှင့် M21 တို့၂၀၂၃ ခုနှစ်ဘောလုံးရာသီအတွက်ဂျာစီစပွန်ဆာစာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းနှင့် M21 တို့၂၀၂၃ ခုနှစ်ဘောလုံးရာသီအတွက်ဂျာစီစပွန်ဆာစာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းနှင့် M21 Sportswear တို့၏၂၀၂၃ ခုနှစ်ဘောလုံးရာသီအတွက် ဂျာစီစပွန်ဆာစာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ရန်ကုန်ယူနိုက်တက်အသင်းတည်ရှိရာ Yangon United Sports Complex တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး နှင့် အသင်းတာဝန်ရှိသူများ၊ ကစားသမားများ၊ M21 မှ မန်နေးဂျင်းဒါရိုက်တာ ဦးမင်းဇင်ဦး နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးက ယခုလိုပံ့ပိုးကူညီပေးသည့် အတွက် ရန်ကုန်ယူနိုက်တက် အသင်း ဥက္ကဌကိုယ်စားကျေးဇူးတင်ပါကြောင်းနှင့် အသင်းအနေနှင့်လည်း M21 နှင့်အတူ ရေရှည်လက်တွဲပြီးအောင်မြင်မှုများရနိုင်အောင် ကြိုးစားသွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် M21 မန်နေဂျင်းဒါရိုက်တာ ဦးမင်းဇင်ဦး က “ကျွန်တော်တို့ M21 အနေနဲ့လည်း ယခင်ကတည်းက ရန်ကုန်ယူနိုက်တက်အသင်းနှင့်အတူ လက်တွဲဖို့စိတ်ဝင်စားခဲ့ပါတယ်။ ယခုလိုလက်တွဲပြီးလုပ်ဆောင်ရတဲ့ အတွက်လည်းဝမ်းသာပါတယ်။ ရှေ့ဆက်ပြီးလည်း လက်တွဲလုပ်ဆောင်သွားဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ပြီး စာချုပ်လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက်တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် ကစားသမားစုပေါင်း အမှတ်တရဓာတ်ပုံရိုက်ကူးခြင်း ပြုလုပ်ခဲ့ပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။