ရန်ကုန်ယူနိုက်တက်အသင်းနောက်ခံလူမင်းကျော်ခန့် လက်ကောက်ဝတ်ရိုးကျိုးခွဲစိတ်မှုအောင်မြင်

ရန်ကုန်ယူနိုက်တက်အသင်းနောက်ခံလူမင်းကျော်ခန့် လက်ကောက်ဝတ်ရိုးကျိုးခွဲစိတ်မှုအောင်မြင်

မနေ့ကယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံ အသင်းတို့၏ ပွဲစဉ်တွင်ရန်ကုန်ယူနိုက်တက်အသင်း နောက်ခံလူမင်းကျော်ခန့်သည် ပွဲချိန် ၂၂ မိနစ်တွင် ဘောလုံးရှင်းထုတ်ရာမှ ပြန်အပြုတ်ကျတွင်ညာလက်ထောက်မိပြီးလက်ကောက်ဝတ်ရိုးကျိုး ဒဏ်ရာရရှိခဲ့သဖြင့် အာရှတော်ဝင်ဆေးရုံသို့အရေးပေါ်ပို့ဆောင်ပြီးကုသမှု
ခံယူခဲ့သည်။
ထို့နောက် ခွဲစိတ်ကုသမှုခံယူရန်လိုအပ်သည့်အတွက်ယနေ့နံနက်ပိုင်းက အာရှတော်ဝင်ဆေးရုံ၌ ခွဲစိတ်ကုသမှုခံယူခဲ့ပြီး တစ်လခွဲကြာအနားယူမှု ပြုလုပ်ရမည် ဖြစ်သည့်အတွက် မြန်မာနေရှင်နယ်လိဂ်လက်ကျန် ပွဲစဉ်များကိုလွဲချော်မည်ဖြစ်သည်။