ရန်ကုန်ယူနိုက်တက်အသင်းတိုက်စစ်မှုးဂျုနီယာ က ရမှတ်သုံးမှတ်ပြည့်ရရှိရန် အရေးကြီးသည်ဟုဆို

ရန်ကုန်ယူနိုက်တက်အသင်းတိုက်စစ်မှုးဂျုနီယာ က ရမှတ်သုံးမှတ်ပြည့်ရရှိရန် အရေးကြီးသည်ဟုဆို

ရန်ကုန်ယူနိုက်တက်အသင်းတိုက်စစ်မှုး ဂျုနီယာက လာမည့်ပွဲတွင် ရမှတ်သုံးမှတ်ပြည့်ရရှိရန် အရေးကြီးသည်ဟု ရခိုင်ယူနိုက်တက်အသင်း နှင့်ပွဲမတိုင်မီတွင်ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် အောက်တိုဘာလ ၂ ရက်နေ့၊ ညနေ ၃း၃၀ နာရီအချိန်၊ သုဝဏ္ဏကွင်းတွင်ရခိုင်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ဘရာဇီးနိုင်ငံသား ဂျုနီယာက “ ကျွန်တော်တို့လေ့ကျင့်ရေးအစီစဉ်တွေမှာလည်း အသေချာလေးကြိုးစားပြီးလိုက်လုပ်ကြပါတယ်။ လာမယ့်ပွဲအတွက်လည်း ကစားသမားအားလုံးအဆင်သင့်ဖြစ်နေပြီဆိုတာကို ယုံကြည်ပါတယ်” ဟု ဆိုခဲ့သည်။
“ ပြိုင်ဘက်အသင်းကလည်းအကောင်းဆုံးပြင်ဆင်မှုတွေနဲ့ပွဲထွက်လာလို့ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းရဲ့ကွင်းအတွင်း လုပ်ဆောင်နိုင်စွမ်းတွေ ကိုယုံကြည်ပါတယ်။ ကလပ်အသင်းအတွက်နဲ့ ကိုယ့်အတွက် အားလုံးကအကောင်းဆုံး ကြိုးစားပြီးကစားသွားမယ်ဆိုတာကိုလည်း ယုံကြည်မှုအပြည့်ရှိပါတယ်” ဟု ဂျုနီယာ က အသင်းအပေါ်ယုံကြည်မှုကို ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၎င်းက “ လာမယ့်ရခိုင်အသင်းနဲ့ပွဲစဉ်မှာ အကောင်းဆုံးကြိုးစားသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရည်မှန်းချက်က သုံးမှတ်ပြည့်ရရှိဖို့ပါ။ ဒါကြောင့်အားပေးကြပါဦးလို့ပြောချင်ပါတယ်” ဟု ပရိသတ်များကိုပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၁၁ ပွဲကစား၊ ၇ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၂၃ မှတ်နှင့် အဆင့် ၂ နေရာတွင် ရပ်တည်နေပြီး ရခိုင်ယူနိုက်တက်အသင်းသည် ၁၁ ပွဲကစား၊ ၁၁ ပွဲရှုံးနှင့် အမှတ်ပေးဇယား အောက်ဆုံးအဆင့်တွင် ရပ်တည်နေလျက်ရှိသည်။