ရန်ကုန်ယူနိုက်တက်အသင်းနှင့်နည်းပြချုပ်ဦးမင်းထွန်းလင်းတို့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်း

ရန်ကုန်ယူနိုက်တက်အသင်းနှင့်နည်းပြချုပ်ဦးမင်းထွန်းလင်းတို့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်း

ရန်ကုန်ယူနိုက်တက်အသင်းနှင့် နည်းပြချုပ်ဦးမင်းထွန်းလင်းတို့သည် ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့မှ စတင်ကာ နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းလိုက်ပြီဖြစ်သည်။
ဦးမင်းထွန်းလင်းသည် ရန်ကုန်ယူနိုက်တက်အသင်းကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လတွင်ရောက်ရှိကိုင်တွယ်ခဲ့ပြီး အသင်းနှင့်အတူ ၂၀၂၀ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၌ အဆင့် ၄ နေရာတွင်ရပ်တည်ခဲ့သည်။ ရန်ကုန်ယူနိုက်တက် အသင်းနှင့်အတူလက်တွဲပြီး ကြိုးစားပေးခဲ့မှုများအတွက် အသင်းအနေဖြင့်ကျေးဇူးတင်ရှိပါကြောင်းနှင့် ရှေ့ဆက်မည့်အနာဂတ်တွင်လည်း အောင်မြင်မှုများရရှိနိုင်ပါစေကြောင်း ရန်ကုန်ယူနိုက်တက်မှဆုမွန်ကောင်း တောင်းအပ်ပါသည်။
ကျန်ရှိနေသည့် မြန်မာနေရှင်နယ်လိဂ်ပွဲများကို ရန်ကုန်ယူနိုက်တက် အသင်းလက်ထောက်နည်းပြ ဦးကျော်ဒွန်းက ယာယီနည်းပြချုပ် အဖြစ် ဆက်လက်ကိုင်တွယ်သွားမည်ဖြစ်သည်။