ရန်ကုန်ယူနိုက်တက်အသင်းနှင့် Onepay Company Limited တို့ Sponsorship သဘောတူစာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းနှင့် Onepay Company Limited တို့ Sponsorship သဘောတူစာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်း၏ ၂၀၂၂ ခုနှစ်ဘောလုံးရာသီအတွက် Co-sponsor အဖြစ် ပံ့ပိုးကူညီပေးသွားမည့် Onepay Company Limited နှင့် သဘောတူစာချူပ်ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့ညနေက ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်ယူနိုက်တက်အသင်းအမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး၊ Onepay Company Limited မှ Head of Marketing and Partnerships Mr. James Faulkner နှင့်အသင်းတာဝန်ရှိသူများ၊ ကစားသမားများတက်ရောက်ခဲ့ကြသည်။
Mr.James က ပံ့ပိုးကူညီရသည့်အကြောင်းရင်းပတ်သက်၍ ယခုလိုရန်ကုန်ယူနိုက်တက်အသင်းအတွက် မိတ်ဖက်ပါတနာအဖြစ် ပါဝင်ကူညီခွင့်ရသည့်အတွက်ဝမ်းသာကြောင်း၊ အားလုံးပွဲစဉ်တိုင်းမှာ အနိုင်ရလဒ်ရရှိပြီး ဆုဖလားကြီးပိုင်ဆိုင်နိုင်ပါစေကြောင်းပြောကြားခဲ့သည်။
Onepay သည်နေ့စဉ်သုံး mobile app တစ်ခုဖြစ်ပြီး သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများ အချိန်ကုန် သက်သာပြီး အဆင်ပြေချောမွေ့စွာငွေကြေး လွှဲပြောင်းဝန်ဆောင်မှုများပြုလုပ်နိုင်သည့် application တစ်ခုဖြစ်သည်။