ရန်ကုန်ယူနိုက်တက်အသင်းလေ့ကျင့်ရေးအစီစဉ်များပြန်လည်စတင်

ရန်ကုန်ယူနိုက်တက်အသင်းလေ့ကျင့်ရေးအစီစဉ်များပြန်လည်စတင်

မြန်မာနေရှင်လိဂ်ကလပ်အသင်းဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့်ပြိုင်ပွဲများ ယှဉ်ပြိုင်ရန်အတွက် ကြိုတင်လေ့ကျင့်မှုများကို ယနေ့နံနက်ပိုင်းက ရန်ကုန်ယူနိုက်တက်အိမ်ကွင်း တွင်စတင်ခဲ့သည်။
ကာလအတန်ကြာရပ်နားထားသည့် လေ့ကျင့်ရေးအစီစဉ်များကို စုစုပေါင်းကစားသမား ၂၆ ဦးနှင့်လေ့ကျင့်သွားမည်ဖြစ်ပြီး လက်ရှိတွင် မြန်မာ့လက်ရွေးစင်အကြီးအသင်းတွင် ၂ ဦး၊ မြန်မာ့လက်ရွေးစင် ယူ-၂၃ တွင် ၅ ဦး၊ တို့မှလွဲ၍ စုစုပေါင်းကစားသမား ၁၉ ဦးနှင့်စတင်ခဲ့ပြီး နည်းပြချုပ်အဖြစ် ဦးမင်းထွန်းလင်းက တာဝန်ယူသွားမည်ဖြစ်သည်။